Monday, December 11, 2023
HomeEntertainmentမတရားမှုတွေကို တိုက်ခိုက်သွားမယ့် အိန္ဒိယဇာတ်ကားကောင်း "ခေတ်သစ်ရော်ဘင်ဟုဒ်"

မတရားမှုတွေကို တိုက်ခိုက်သွားမယ့် အိန္ဒိယဇာတ်ကားကောင်း “ခေတ်သစ်ရော်ဘင်ဟုဒ်”

ခေတ်သစ်ရော်ဘင်ဟုဒ် (Kick 2) အိန္ဒိယဇာတ်ကားဟာ အက်ရှင်ဟာသအမျိုးအစားဖြစ်ပြီး Vakkantham Vamsi ရေးသားထားတဲ့ ဇာတ်လမ်းကို ဒါရိုက်တာ Surender Reddy က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ 2009 ရုပ်ရှင် Kick ရဲ့နောက်ဆက်တွဲ ဇာတ်ကားတစ်ကားဖြစ်ပြီး မင်းသား Ravi Teja, Ravi Kishan နဲ့ မင်းသမီး Rakul Preet Singh တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

youtube.com

ဒီဇာတ်ကားတွင် Teja က သားအဖအဖြစ် ဇာတ်ကောင်နှစ်ခုကို သရုပ်ဆောင်ပေးထားတာဖြစ်ကာ Kabir Duhan Singh, Ashish Vidyarthi, Brahmanandam, Shaam နဲ့ Rajpal Yadav တို့က ဇာတ်ပို့နေရာကနေ ပါဝင်အားဖြည့်ပေးထားကြပါတယ်။

ဇာတ်လမ်းပုံစံက အိန္ဒိယနိုင်ငံသားတစ်ယောက်မဟုတ်တဲ့ Dr. Robin ဟာ Durga မှ သိမ်းပိုက်ခံထားရတဲ့ မြေပေါ်တွင်ဆေးရုံတစ်ခုဆောက်လုပ်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က သူ့ဘဝရဲ့အဓိပ္ပါယ်အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး အဝေးက ရွာလေးတစ်ရွာဆီကို သွားရောက်ဖို့ ဖြစ်လာခဲ့တာပါ။

youtube.com

Dr.Robin တစ်ယောက် ဒီရွာလေးမှာ သူ့ဘဝအတွက် အရေးပါတဲ့သူတစ်ယောက်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး သူ့ရဲ့မြေနေရာကို ပြန်လည်ရယူနိုင်ပါ့မလား ဘယ်လိုအတားအဆီးတွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်သွားရပြီး ဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ခေတ်သစ်ရော်ဘင်ဟုဒ် (Kick 2) အိန္ဒိယဇာတ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d