4freaks 4fam ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ 2019 ခုနှစ် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာ Prueksa Amaruji က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Kao Jirayu La-ongmanee, Pingpong Thongchai Thongkanthom, မင်းသမီး Punpun Sutatta Udomsilp နဲ့ Carissa Springett တို့က အဓိကသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Moopa ဟာ ထိုင်းနိုင်ငံတွင် မွေးဖွားကြီးပြင်းလာသူဖြစ်ပြီး Ji Sun က မက္ကစီကိုမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာသူဖြစ်ကာ Truffle ကတော့ လန်ဒန်မှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သူပါ။ သူတို့သုံးယောက်ဟာ တစ်အိမ်တည်းတွင် အတူနေထိုင်ကြတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့သုံးယောက်နေထိုင်တဲ့အိမ်ကို Lin Zhi ဆိုတဲ့ ညီမလေးတစ်ယောက် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ကွဲပြားခြားနားတဲ့ နေရာတွေဆီကနေ ရောက်ရှိလာခဲ့ကြတဲ့ မတူညီတဲ့လူမျိုးတွေဖြစ်ကြပေမယ့်လို့ သူတို့လေးယောက်ဟာ မောင်နှမတွေလိုမျိုး ဒီအိမ်လေးထဲမှာ စုစည်းနေထိုင်ကြတာ ဖြစ်ပါတယ်။ သူတို့မိသားစုလေးယောက်ရဲ့ အလွဲလေးတွေ၊ ပရမ်းပတာဖြစ်မှုလေးတွေကို ကြည်နူးစွာကြည့်ရှုရမယ့် အချစ်ဟာသ မိသားစုဇာတ်လမ်းလေး ဖြစ်ပါတယ်။
4freaks 4fam အချစ်ဟာသ ထိုင်းဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။