I Have a Plan (Ijab Kabut) ကို ဒါရိုက်တာ Faliq Sharif မှရိုက်ကူးပြီး မင်းသမီး Azira Shafinaz, မင်းသား Iedil Dzuhrie Alaudin, နဲ့ Fadlan Hazim တို့ကပါဝင်သရုပ်ဆောင်ထားတဲ့ မလေးရှားဝက်ဘ်ရုပ်သံ ဒရာမာစီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကို 2022 ခုနှစ် October 13 ရက်နေ့မှစတင်ကာ Viu streaming platform တွင် ထုတ်လွှင့်ပြသလျက်ရှိတာပဲ ဖြစ်ပါတယ်။

Music producer တစ်ယောက်ဖြစ်ပြီး ရည်မှန်းချက်ကြီးမားတဲ့ Deanna ဟာ သူမရဲ့ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲကို ကျင်းပဖို့ပြင်ဆင်ထားခဲ့ပေမယ့် သူမရဲ့သတို့သားလောင်းက သူမတို့ရဲ့စေ့စပ်ကြောင်းလမ်းမှုကို ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။ Deanna အတွက် ဒါဟာ အရမ်းကိုထိတ်လန့်တုန်လှုပ်စရာ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် Deanna ဟာ သူမရဲ့မင်္ဂလာပွဲကိုဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူမအတွက် နောက်ထပ်သတို့သားလောင်းအသစ်ကို ရှာဖွေဖို့လုပ်ဆောင်မှုတွေ စတင်ခဲ့ပါတယ်။ သတို့သမီး Deanna တစ်ယောက် သူမစိတ်ကူးထဲက မင်္ဂလာပွဲအတွက် ပြီးပြည့်စုံတဲ့ အမျိုးသားကိုရှာဖွေဖို့ ဘယ်လိုတွေလုပ်ဆောင်သွားမလဲ။ သူမရဲ့အနီးဆုံးမှာရှိနေတဲ့ မင်္ဂလာပွဲစီစဉ်သူ Khai နဲ့ သူမရဲ့ဝန်ထမ်း Mat တို့နှစ်ယောက်ကရော Deanna ရဲ့သတို့သားလောင်းဖြစ်လာနိုင်မလားဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။

I Have a Plan (Ijab Kabut) ဟာသဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် အခုပဲ ကြည့်ရှုလိုက်တော့နော်။