Friday, April 19, 2024
HomeEntertainmentဘဝအတွက် ရုန်းကန်နေရတဲ့အမျိုးသမီးသုံးယောက်အကြောင်းကြည့်ရမယ့် "Kill Heel"

ဘဝအတွက် ရုန်းကန်နေရတဲ့အမျိုးသမီးသုံးယောက်အကြောင်းကြည့်ရမယ့် “Kill Heel”

2022 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ တောင်ကိုးရီးယားဇာတ်လမ်းတွဲ အဆိပ်ပြင်းပြင်း မိန်းမသား (Kill Heel) ဟာ သည်းထိတ်ရင်ဖို ဒရာမာဇာတ်လမ်းတွဲဖြစ်ပြီး ဒါရိုက်တာ Noh Do-cheol က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသမီး Kim Ha-neul, Lee Hye-young နဲ့ Kim Sung-ryun တို့က  အဓိကပါဝင်ထားကြတာပါ။

Instagram

ဇာတ်လမ်းပုံစံက home shopping လုပ်ငန်းနယ်ပယ်တွင် အောင်မြင်မှုရရှိရန် စိတ်အားထက်သန်နေတဲ့ အမျိုးသမီးသုံးဦးရဲ့ ဘဝအကြောင်းကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မင်းသမီးချော Kim Ha-neul က အသက် 39 နှစ်အရွယ် ဇာတ်ကောင် Woo-hyun အဖြစ်ပါဝင်ထားပြီး UNI home shopping တွင် show host တစ်ဦးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ တစ်ချိန်က ဖျော်ဖြေတင်ဆက်မှုများစွာဖြင့် အောင်မြင်ခဲ့တဲ့ သူမဟာ အခုအချိန်မှာတော့ အိမ်သာသုံးစက္ကူရောင်းချပေးရတဲ့ အဆင့်သို့ကျဆင်းသွားခဲ့ရတာပါ။

Instagram

မင်းသမီး Lee Hye-young ကိုတော့ ဇာတ်ကောင် Gi Mo-ran အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး Gi Mo-ran ရဲ့ ငယ်ရွယ်စဉ်ပုံရိပ်အဖြစ် Kim Min-joo က ပါဝင်ပေးထားပါတယ်။ သူမဟာ UNI home shopping ရဲ့ ဘဏ္ဍာရေးအရာရှိတစ်ဦး ဖြစ်ပါတယ်။

Instagram

ဇာတ်ကောင် Bae Ok-sun အဖြစ် မင်းသမီး Kim Sung-ryun က ပါဝင်ထားပြီး Bae Ok-sun ရဲ့ ငယ်ရွယ်တဲ့ ဇာတ်ကောင်အဖြစ် Min Soo-hwa က သရုပ်ဆောင်ထားပါတယ်။ သူမဟာ အသက် 52 နှစ်အရွယ် အထက်တန်းလွှာတစ်ယောက်ဖြစ်ပြီး UNI home shopping ရဲ့ signboard show host တစ်ယောက်ဖြစ်ပါတယ်။

အဆိပ်ပြင်းပြင်း မိန်းမသား (Kill Heel) ဇာတ်လမ်းတွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading