နှလုံးသားအချစ်မှတ်တမ်း (Find Me in Your Memory) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2020 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Oh Hyun-jong နဲ့ Lee Soo-hyun တို့က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Kim Dong-wook နဲ့ မင်းသမီး Moon Ga-young တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက သူ့ဘဝရဲ့စက္ကန့်တိုင်းကို သတိရမှုတွေနဲ့ ရှင်သန်နေရတဲ့ အမျိုးသားတစ်ယောက်နဲ့ ဘဝကိုဆက်ပြီးရှင်သန်ဖို့ သူမရဲ့နာကျင်စရာအတိတ်တွေကို မေ့ပျောက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကြား အချစ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူးထားတာပါ။
Lee Jung-Hoon ဟာ အသံလွှင့်ဌာနတစ်ခုတွင် သတင်းတင်ဆက်သူတစ်ယောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူကတော့ hyperthymesia လို့ခေါ်တဲ့ ဘဝရဲ့အခိုက်အတန့်တိုင်းကို မှတ်မိစေနိုင်တဲ့ အခြေအနေတစ်ခုကို ခံစားနေရသူပါ။ Yeo Ha-Jin က ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပြီး သူမဟာ အတိတ်မေ့နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့အတိတ်ကို မမှတ်မိတာကြောင့် Yeo Ha-Jin က သူမရဲ့ဘဝကို စိတ်ကြိုက်နေထိုင်နေသူ ဖြစ်ပါတယ်။

နှလုံးသားအချစ်မှတ်တမ်း (Find Me in Your Memory) လျှို့ဝှက်ဆန်းကြယ် အချစ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။