Friday, September 22, 2023
HomeEntertainmentဘဝဂိမ်းတစ်ခုတွင်ပါဝင်ကစားခဲ့ကြတဲ့လူတစ်စုရဲ့ ထိတ်လန့်ဖွယ်အဆုံးသတ်ကို ကြည့်ရှုရမယ့် 'The Player'

ဘဝဂိမ်းတစ်ခုတွင်ပါဝင်ကစားခဲ့ကြတဲ့လူတစ်စုရဲ့ ထိတ်လန့်ဖွယ်အဆုံးသတ်ကို ကြည့်ရှုရမယ့် ‘The Player’

ထိုင်းအက်ရှင် သည်းထိတ်ရင်ဖို ဒရာမာဇာတ်လမ်းတွဲ အဆိပ်သင့်ကမ္ဘာ (The Player) တွင် မင်းသား Way-ar Sangngern, မင်းသမီး Ramida Jiranorraphat နဲ့ Tipnaree Weerawatnodom တို့က အဓိကပါဝင်ထားကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ကျော်ကြားမှု၊ ကံကြမ္မာနဲ့ အချစ်အတွက် လောင်းကြေးထပ်ရန် မိုက်မဲတဲ့ဘဝဂိမ်းတစ်ခုကို ဆော့ခဲ့ကြတဲ့ လူချမ်းသာအသိုင်းအဝိုင်းတစ်စုရဲ့ အကြောင်းကို ရိုက်ကူးပြသထားတာဖြစ်ပြီး ဒီဂိမ်းဟာ သံသယဖြစ်ဖွယ် လူသတ်မှုတွေအထိ ဖြစ်လာခဲ့တဲ့အခြေအနေမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

pinterest

လူချမ်းသာတွေရဲ့ဘဝက ထင်သလောက် အေးချမ်းပျော်ရွှင်နေတာမျိုးမဟုတ်ဘဲ အချိန်တိုလေးအတွင်းမှာတောင် ဆိုးရွားမှောင်မိုက်တဲ့ အခြေအနေသို့ ရောက်သွားနိုင်တာပါ။ သူတို့ထဲကတစ်ယောက်ဟာ လူသတ်မှုအထိဖြစ်လာစေနိုင်တဲ့ ဘဝရဲ့ဂိမ်းတစ်ခုကို စတင်လိုက်တဲ့အခါ အမှောင်လျှို့ဝှက်ချက်တွေရဲ့နောက်ကွယ်မှာ ဘယ်လိုအခြေအနေမျိုးတွေ ရှိလာမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

အဆိပ်သင့်ကမ္ဘာ (The Player) ထိုင်းဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: