In Geek We Trust ဇာတ်လမ်းတွဲဟာ ဟောင်ကောင်ဟာသဒရာမာ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ မင်းသား Ling Man Lung, Kaki Sham, Lokman Yeung, Peter Chan, Frankie Chan, မင်းသမီး Hanna Chan နဲ့ Yoshi Yu တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ကာ တခြားအနုပညာရှင်များစွာက ကူညီအားဖြည့်ထားကြပါတယ်။

Ah Seun ဟာ ဘဏ်တစ်ခုရဲ့ IT ဌာနတွင် လုပ်ကိုင်နေတဲ့ supervisor တစ်ဦးဖြစ်ခဲ့ပေမယ့် ကုမ္ပဏီကနေ သူ့ကိုအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ Ah Seun ဟာ အလုပ်ပြုတ်သွားရုံတင်မကပဲ ချစ်သူကောင်မလေးရဲ့ စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် Ah Seun ဟာ သူ့ဘဝကြီးကိုလက်မလျှော့ဘဲ သူမျှော်မှန်းထားတဲ့ စွန့်ဦးတီထွင်မှုအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အကောင်းမြင်စိတ်အပြည့်ရှိနေခဲ့တာပါ။

Ah Seun တစ်ယောက် သူ့ရဲ့အိပ်မက်တွေအတွက် ဘယ်လိုမျိုးဆက်ပြီးကြိုးစားသွားမလဲ သူမျှော်မှန်းထားတဲ့ အိပ်မက်ပန်းတိုင်က တကယ်ပဲဖြစ်မြောက်လာမလားဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။
In Geek We Trust ဟာသဒရာမာ ဟောင်ကောင်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။