Bengal Tiger အိန္ဒိယဇာတ်ကားဟာ အက်ရှင်ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး Sampath Nandi က ဇာတ်ညွှန်းဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ မင်းသား Ravi Teja, Boman Irani, Nassar, Nagineedu, Rao Ramesh, Sayaji Shinde, မင်းသမီး Tamannaah နဲ့ Raashi Khanna တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

Bengal Tiger ဇာတ်ကားဟာ ဉာဏ်ရည်ထက်မြက်သူနှစ်ယောက်ကြားက ပဋိပက္ခတွေကို အဓိကရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ ဘွဲ့ရတစ်ဦးဖြစ်တဲ့ Akash Narayan နဲ့ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးဖြစ်သူ Ashok Gajapati တို့ကြားက ရန်ပွဲကို တွေ့မြင်ကြရမှာပါ။
Akash Narayan ဟာ Atreyapuram ရွာတွင်နေထိုင်တဲ့ အလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး သူ့ရဲ့အချိန်တွေကို သူငယ်ချင်းတွေနဲ့ ကုန်ဆုံးလေ့ရှိပါတယ်။ သူသဘောကျနေတဲ့ ကောင်မလေးက နာမည်ကြီးတစ်ယောက်နဲ့သာ လက်ထပ်ချင်တာကြောင့် သူ့ရဲ့အချစ်ကို ငြင်းဆိုလိုက်တဲ့အခါမှာတော့ Akash ကို နာကျင်စေခဲ့ပြီး နာမည်ကျော်ကြားလာအောင် ကြိုးစားပါတော့တယ်။

သူ့ရဲ့ကြိုးစားမှုတွင် စိုက်ပျိုးရေးဝန်ကြီး Samba က အနှောင့်အယှက်ဖြစ်စေခဲ့ပြီး အစပိုင်းတွင် အမြင်မကြည်ခဲ့တဲ့ Samba က Akash ရဲ့ ထက်မြက်မှုကိုသဘောကျသွားခဲ့ပြီး ဝန်ကြီး Nagappa ရဲ့သမီးဖြစ်သူ Shraddha ကို ဘေးကင်းစွာပို့ဆောင်ရေးတွင် တာဝန်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Akash ဟာ Shraddha ရဲ့ ထောက်ခံအကြံပြုချက်ကြောင့် Nagappa ကသူ့ရဲ့ OSD အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရတာပါ။
Shraddha ဟာ နိုင်ငံရေးသမား Subba Rayudu ရဲ့သားဖြစ်သူ Karan နဲ့ စေ့စပ်ထားခဲ့ပေမယ့် Akash ကိုချစ်မိသွားခဲ့ပါတယ်။ Shraddha ရဲ့မွေးနေ့ပွဲတွင် Akash ကို ဝန်ကြီးချုပ် Ashok Gajapati အပါအဝင် နိုင်ငံရေးသမားများစွာရဲ့ရှေ့တွင် Shraddha ရဲ့ချစ်သူအဖြစ် ကြေညာခဲ့ပေမယ့် Akash က ဒါကိုငြင်းပယ်ခဲ့ကာ Gajapati ရဲ့သမီးဖြစ်သူ Meera ကို ချစ်တယ်ဟု ပြောကြားလိုက်တဲ့အခါမှာတော့ အားလုံးက အံ့သြခဲ့ရပါတယ်။ ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးအခြေအနေကြားမှာ ဘယ်လိုတင်းမာမှုတွေ ဖြစ်ပေါ်လာမလဲဆိုတာကို ကြည့်ရှုရမှာပါ။
Bengal Tiger အိန္ဒိယဇာတ်ကားကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။