Flower of Evil ဖိလစ်ပိုင်ဇာတ်လမ်းတွဲဟာ 2020 ကိုးရီးယားဒရာမာစီးရီးကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသား Piolo Pascual နဲ့ မင်းသမီး Lovi Poe တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ လျှို့ဝှက်သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွဲကို ဒါရိုက်တာ Darnel Joy Villaflor နဲ့ Richard Ibasco Arellano တို့က ရိုက်ကူးပုံဖော်ထားကြတာပါ။

ဇာတ်လမ်းပုံစံက Jacob ဟာ သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားသူတစ်ယောက်ဖြစ်ပြီး Iris က Jacob ရဲ့ဇနီးဖြစ်ပြီး သူမဟာ အမျိုးသမီးစုံထောက်တစ်ဦး ဖြစ်ပါတယ်။ သူတို့တွင် ခြောက်နှစ်အရွယ် သမီးလေးတစ်ယောက်ရှိတာဖြစ်ပြီး အပေါ်ယံအမြင်မှာတော့ သူတို့ဟာ ပြီးပြည့်စုံတဲ့ မိသားစုဖြစ်ပုံရပါတယ်။
Iris နဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ လျှို့ဝှက်နက်နဲပြီး အဖြေရှာမရတဲ့ လူသတ်မှုတွေကို စတင်စုံစမ်း စစ်ဆေးနေခဲ့တာဖြစ်ပြီး ထင်မှတ်မထားတဲ့ သူမရဲ့ပြီးပြည့်စုံတဲ့ ခင်ပွန်းဖြစ်သူက တစ်စုံတစ်ခုကိုဖုံးကွယ်ထားတယ်ဆိုတာကို သိရှိလာခဲ့ပါတယ်။

Jacob က ဘယ်လိုအရာတွေကို ဖုံးကွယ်ထားခဲ့တာလဲ Iris တစ်ယောက် သူမရင်ဆိုင်ရမယ့် အမှန်တရားအတွက် တကယ်ရောခံနိုင်ရည်ရှိပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။
Flower of Evil ဖိလစ်ပိုင်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။