Monday, December 11, 2023
HomeEntertainmentဖျော်ဖြေရေးနယ်ပယ်က သူဌေးကြီးတစ်ဦးရဲ့ဘဝကိုအခြေခံရိုက်ကူးထားတဲ့ "The Legendary Tycoon"

ဖျော်ဖြေရေးနယ်ပယ်က သူဌေးကြီးတစ်ဦးရဲ့ဘဝကိုအခြေခံရိုက်ကူးထားတဲ့ “The Legendary Tycoon”

The Legendary Tycoon တရုတ်ဇာတ်လမ်းတွဲဟာ အချစ်ဒရာမာဇာတ်လမ်းတွဲအမျိုးအစားဖြစ်ပြီး မင်းသား Zhang Han, မင်းသမီး Jia Qing, Joe Chen နဲ့ Song Yi တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ကာ Tan Kai, Sun Wei, Liu Chang De, Wei Yu, Ren Dong Lin နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

youtube.com

Huace Media ရဲ့ ပရောဂျက်တစ်ခုဖြစ်တဲ့ The Legendary Tycoon ဇာတ်လမ်းတွဲဟာ ဟောင်ကောင်ဖျော်ဖြေရေး သူဌေးကြီးနဲ့ ပရဟိတသမားတစ်ဦးဖြစ်တဲ့ Sir Run Run Shaw ရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

Run Run Shaw သူဌေးကြီးရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝနေထိုင်မှု၊ ယောက်ျားတစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ သူ့ဘဝတွင် အမျိုးသမီးသုံးဦးနဲ့ ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာ တည်ဆောက်ခဲ့ပုံတို့ကို အလှပဆုံးပြသထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ဒီဇာတ်လမ်းတွဲတွင် တစ်ခေတ်တစ်ခါက မတူပြောင်းလဲတဲ့ အပြင်အဆင်တွေနဲ့ ဖက်ရှင်စတိုင်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

youtube.com

The Legendary Tycoon  တရုတ်ဇာတ်လမ်းတွဲဟာ မတူညီတဲ့ရသတွေကို ပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဟိုးအရင်ခေတ်က နေထိုင်မှုပုံစံတွေကို ပြန်အမှတ်ရစေနိုင်မယ့် ခံစားမှုရသပေါ်လွင်စေမယ့် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ဒီအချစ်ဒရာမာဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d