2018 ခုနှစ်ထွက် ကမ်းလင့်တဲ့လက်တစ်စုံ (Come and Huge Me) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသားချော Jang Ki-yong, Heo Joon-ho နဲ့ မင်းသမီးချော Jin Ki-joo တို့အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။
ငယ်စဉ်ကလေးဘဝကတည်းက အချစ်ဦးအဖြစ် ချစ်မိခဲ့ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ဟာ နှစ်တွေကြာမြင့်ပြီး အရွယ်ရောက်လာတဲ့အချိန်မှာ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ Yoo Na-moo (Jang Ki-yong) ဟာ ဖခင်စိတ်ရောဂါ ကွင်းဆက်လူသတ်သမားရဲ့ သားဖြစ်ပြီး သူဟာ ငယ်စဉ်ကလေးဘဝတွင် လျှို့ဝှက်တိတ်ဆိတ်စွာ နေထိုင်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ သူနဲ့အရမ်းကိုဆန့်ကျင်ဘက်ဖြစ်တဲ့ နာမည်ကျော်မင်းသမီးတစ်ဦးရဲ့ သမီးဖြစ်သူ Gil Nak-won (Jin Ki-joo) နဲ့ တွေ့ဆုံခဲ့ပါတယ်။

Nak-won ဟာ ဖြူစင်တဲ့သံယောဇဉ်တွေနဲ့ ချစ်ခြင်းတွေဖြင့် Na-moo ကို ချစ်ခင်ပေးခဲ့ရာက သူတို့နှစ်ယောက်ရဲ့ အပြန်အလှန်ချစ်ခြင်းတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒါပေမယ့် Na-moo ရဲ့ဖခင်ဖြစ်သူ Yoon Hae-jae (Heo Joon-ho) ဟာ Nak-won ရဲ့မိဘတွေကို သတ်ဖြတ်လိုက်တဲ့အခါမှာတော့ သူတို့ရဲ့ချစ်ခြင်းမေတ္တာဟာ အဆုံးသတ်သွားခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာတဲ့အခါမှာ Gil Nak-won တစ်ယောက် သူမရဲ့ဘဝကို အကောင်းဆုံးရှင်သန်ရပ်တည်နေပေမယ့် အတိတ်က ထိတ်လန့်စရာအဖြစ်အပျက်ဆိုးကြီးက သူမကိုလိုက်ခြောက်လှန့်နေဆဲ ဖြစ်ပါတယ်။ Yoon Na-moo ဟာလည်း သူ့ဖခင်ရဲ့ အပြစ်ကြွေးတွေကို ဆပ်တဲ့အနေနဲ့ လူသစ်စုံထောက် Chae Do-jin အဖြစ် သူ့ရဲ့ဘဝကို အသစ်စတင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအမှတ်တရတွေကို နှစ်ယောက်လုံးက သိမ်းဆည်းထားဆဲဖြစ်ပေမယ့် ကြေကွဲဖွယ်ကံကြမ္မာနဲ့ဆက်စပ်နေတဲ့ အမည်းစက်တွေနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစားကြရဦးမှာပါ။ ကမ်းလင့်တဲ့လက်တစ်စုံ (Come and Huge Me) ကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။