Wednesday, November 29, 2023
HomeEntertainmentပရော်ဖက်ရှင်နယ် esports လောကရဲ့ လူငယ်အချစ်ဇာတ်လမ်းလေး ‘Go Go Squid’

ပရော်ဖက်ရှင်နယ် esports လောကရဲ့ လူငယ်အချစ်ဇာတ်လမ်းလေး ‘Go Go Squid’

2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ ‘Go Go Squid’ တရုတ်ဇာတ်လမ်းတွဲဟာ ဒါရိုက်တာ Lee Ching Jung က ရိုက်ကူးထားတဲ့ အားကစား ဟာသလူငယ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသမီး Yang Zi နဲ့ မင်းသား Li Xian တို့ကအဓိကပါဝင်ထားတာ ဖြစ်ပါတယ်။

Instagram

ဇာတ်လမ်းပုံစံက CTF ဆိုက်ဘာလုံခြုံရေး esports လောကမှ ဂန္တဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Han Shang Yan ဟာ ဆယ်ကျော်သက်လူငယ်လေးတွေကို ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် လေ့ကျင့်ပျိုးထောင်ပေးရန်အတွက် သူ့ရဲ့ကိုယ်ပိုင် esports club K&K ကို တည်ထောင်ခဲ့ပါတယ်။

ကွန်ပျူတာသိပ္ပံပညာတွင် ထူးချွန်ပြီး အချိန်ပိုင်း အွန်လိုင်းအဆိုတော်အဖြစ် လုပ်ကိုင်နေတဲ့ Tong Nian ဟာ သူမရဲ့ဝမ်းကွဲအစ်ကိုဖြစ်သူရဲ့ အင်တာနက်ကဖေးတွင် ဝိုင်းကူညီပေးရင်းက Han Shang Yan နဲ့ဆုံခဲ့ပြီး မြင်မြင်ချင်း သဘောကျသွားခဲ့မိတာပါ။

Instagram

အွန်လိုင်းပေါ်တွင် ကာဗာသီချင်းတွေသီဆိုရင်း follower သောင်းနဲ့ချီရှိတဲ့ Tong Nian ဟာ Han Shang Yan နဲ့ ရင်းနှီးဖို့ကြိုးစားရင်း သူမဟာ K&K ရဲ့လှုပ်ရှားမှုတွေနဲ့ ပရော်ဖက်ရှင်နယ် esports လောကသို့ ဝင်ရောက်လာခဲ့ပါတယ်။ Tong Nian က တကယ်ရော Han Shang Yan နဲ့နီးစပ်ခွင့်ရပြီး သူ့ရဲ့စိတ်ကို အပိုင်သိမ်းပိုက်နိုင်ပါ့မလား။ လူတွေမသိသေးတဲ့ Han Shang Yan ရဲ့ အတိတ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေခဲ့လဲဆိုတာကို  ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

‘Go Go Squid’ တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: