Yu Zhi Yuan နဲ့ Zhao Jia Ni တို့ဟာ သုံးနှစ်အရွယ် သားလေးတစ်ယောက်နဲ့အတူ အိမ်ထောင်သက်ငါးနှစ်ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ တစ်ပတ်ကိုငါးရက်လုံး အလုပ်တွေနဲ့ရှုပ်နေတတ်ကြပြီးတော့ သားလေးကို အဖွားဖြစ်သူနဲ့ ထားခဲ့တတ်ကြကာ ပိတ်ရက်တွေမှသာ သားလေးကိုအချိန်ပေးနိုင်ကြတဲ့ ပိတ်ရက်မိဘတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့နှစ်ဦးဟာ သူတို့သားလေးနဲ့အတူရှိနေခြင်းရဲ့ အရေးပါမှုကို မြတ်နိုးတတ်လာပြီး ပိုမိုကောင်းမွန်တဲ့ မိသားစုလေးဖြစ်လာအောင် ကြိုးစားကြပါတော့တယ်။ Zhao Zhu Di နဲ့ Shao Jie တို့ဇနီးမောင်နှံကတော့ သမီးဖြစ်သူရဲ့ပညာရေးကို အဆုံးအရှုံးမခံနိုင်တဲ့ အတွေးအမြင်မျိုးရှိသူတွေဖြစ်ကြပြီး သူတို့သမီးလေးရဲ့ပညာရေးကို အခြားအရာအားလုံးထက် ဦးစားပေးတတ်ကြသူတွေ ဖြစ်ပါတယ်။ Full Love ဇာတ်လမ်းတွဲလေးဟာ ပျော်ရွှင်ဖွယ် မိသားစုလေးကို ပိုင်ဆိုင်နိုင်ဖို့ သူတို့ဘယ်လိုမျိုး ကြိုးစားကြမလဲဆိုတာကို မြင်တွေ့ရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

Full Love တရုတ်ဇာတ်လမ်းတွဲလေးဟာ အချစ်ဒရာမာအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Wang Wei က ရိုက်ကူးထားကာ မင်းသား Hawick Lau, Zhu Yong Teng, မင်းသမီး Alina Zhang နဲ့ Angel Wang တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
အချစ်ဒရာမာ Full Love ဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။