အေးခဲနေသော နှလုံးသား (Melting Me Softly) ဟာ မင်းသား Ji Chang-wook, မင်းသမီး Won Jin-ah နဲ့ Yoon Se-ah တို့အဓိကပါဝင်ထားပြီး 2019 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ စာရေးဆရာ Baek Mi –kyung ရဲ့ ကုမ္ပဏီဖြစ်တဲ့ Story Phoenix မှထုတ်လုပ်ထားပြီး ဒါရိုက်တာ Shin Woo-chul က ရိုက်ကူးထားတာပါ။

ဇာတ်လမ်းပုံစံက Ma Dong-chan နဲ့ Ko Mi-ran တို့ဟာ 24 နာရီကြာမြင့်တဲ့ အေးခဲခြင်းစမ်းသပ်မှုတစ်ခုတွင် ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်မှုဟာ မျှော်လင့်ထားသလိုဖြစ်မလာဘဲ 24 နာရီအကြာတွင် နိုးထလာရမယ့်အစား နှစ်ပေါင်း 20 ကြာမှသာ ပြန်လည်နိုးထလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်နိုးထလာတဲ့အချိန်မှာလည်း စမ်းသပ်မှုရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ခန္ဓာကိုယ်အပူချိန်နဲ့ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းထားနိုင်ဖို့ လိုက်နာရမယ့်အချက်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
စမ်းသပ်မှုနောက်ကွယ်က သိပ္ပံပညာရှင်ဟာ သူတို့အသက်ရှင်သန်နိုင်ရေးရဲ့ အဓိကသော့ချက်ကိုသိနေတဲ့ တစ်ဦးတည်းသောသူဖြစ်နေပေမယ့်လို့ သူ့ရဲ့မှတ်ဉာဏ်တွေဟာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အချိန်ကိုဆန့်ကျင်ပြီး ပုံမှန်အခြေအနေကို ရောက်ရှိနိုင်ဖို့နဲ့ သူတို့ဘဝထဲက ပျောက်ဆုံးသွားတဲ့အချိန်ကို အမီလိုက်နိုင်ဖို့ ကြိုးစားကြရမယ့် လူငယ်နှစ်ယောက်အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲတွင် မင်းသား Ji Chang-wook က ဇာတ်ကောင် Ma Dong-chan အဖြစ်ပါဝင်ထားပြီး မင်းသမီး Won Jin-ah က ဇာတ်ကောင် Ko Mi-ran အဖြစ်ပါဝင်ထားကာ မင်းသမီး Yoon Se-ah ကတော့ Ma Dong-chan ရဲ့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ချစ်သူဟောင်း Na Ha-yeong အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
အေးခဲနေသော နှလုံးသား (Melting Me Softly) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။