Thursday, June 1, 2023
HomeEntertainmentဒဏ္ဍာရီလာသူရဲကောင်း ဟုန်းဂီဒုန်ရဲ့ဇာတ်လမ်းကိုကြည့်ရမယ့် "The Rebel"

ဒဏ္ဍာရီလာသူရဲကောင်း ဟုန်းဂီဒုန်ရဲ့ဇာတ်လမ်းကိုကြည့်ရမယ့် “The Rebel”

အမှောင်ခေတ်ရဲ့ နေတစ်စင်း (The Rebel) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသား Yoon Kyun-sang, Kim Ji-seok, Kim Sang-joong, မင်းသမီး Chae Soo-bin နဲ့ Lee Ha-nui တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဒရာမာဇာတ်လမ်းတွဲဟာ ကြည့်ရှုမှုနှုန်း ပျမ်းမျှအားဖြင့် 11.34% ဖြင့်အောင်မြင်မှု ရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုပါ။

Instagram.com

ဇာတ်လမ်းပုံစံက နာမည်ကျော် အာဏာရှင်ဘုရင် Yeonsangun လက်ထက်တွင် ကြွယ်ဝချမ်းသာတဲ့သူတွေဆီကနေ ငွေကြေးဥစ္စာတွေခိုးယူပြီး ဆင်းရဲသားပြည်သူတို့ကို ပြန်လည်ဝေမျှပေးကမ်းခဲ့တဲ့ အစေခံတစ်ဦးရဲ့သားဖြစ်သူ Hong Gil-dong ရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ နောက်ပြီး ဂျိုဆွန်းရဲ့ပထမဆုံးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဖြစ်လာတဲ့ Hong Gil-dong ရဲ့ခရီးစဉ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Instagram.com

Hong Gil-dong (Yoon Kyun-sang) ဟာ အစေခံ Hong Ah Mo Gae ရဲ့သားဖြစ်ပြီး သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ကာ လူဆင်းရဲတွေကို ပေးကမ်းနိုင်ဖို့ ချမ်းသာကြွယ်ဝတဲ့ လူကုံထံတွေဆီကနေ ငွေကြေးဥစ္စာတွေ ခိုးယူတဲ့ မှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်တွင်လည်း အိမ်ရှေ့မင်းသား Yi Yung ဟာ သာမန်ပြည်သူတွေရဲ့ဘဝကို ဖိနှိပ်ချုပ်ချယ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင် Yeonsangun (Kim Ji-seok) ဖြစ်လာခဲ့ပါတယ်။ ဘုရင်ကြီးရဲ့ ကြင်ရာတော်မှာ Jang Nok-su (Lee Hanee) ဖြစ်ပြီး သူမဟာ သူမရဲ့အချစ်ဦးဖြစ်တဲ့ Gil Dong ကို တိတ်တဆိတ်မမေ့နိုင်သေးတာပါ။

နန်းတွင်းအချစ်ဇာတ်လမ်းလေး အမှောင်ခေတ်ရဲ့ နေတစ်စင်း (The Rebel) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: