Thursday, June 1, 2023
HomeEntertainmentတစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ မြေခွေးမလေးနဲ့လူသားတို့ရဲ့ အချစ်ဇာတ်လမ်း "My Girlfriend Is a Gumiho"

တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ မြေခွေးမလေးနဲ့လူသားတို့ရဲ့ အချစ်ဇာတ်လမ်း “My Girlfriend Is a Gumiho”

မြေခွေးမလေးရဲ့ ရင်ခုန်သံ (My Girlfriend Is a Gumiho) တွင် မင်းသား Lee Seung-gi နဲ့ မင်းသမီး Shin Min-ah တို့ကအဓိကပါဝင်ထားပြီး ဒါရိုက်တာ Boo Sung-chul က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အချစ်ဟာသ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ကာ 2010 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

Cha Dae-woong (Lee Seung-Gi) ဟာ အက်ရှင်စတားဖြစ်လာရန်အတွက် အိပ်မက်တွေရှိနေတဲ့ သာမန်ကောလိပ်ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Cha Dae-woong ဟာ ပန်းချီကားထဲက အမြီးကိုးချောင်းပါတဲ့ ဒဏ္ဍာရီလာမြေခွေး Gumiho ကို မတော်တဆလွှတ်လိုက်မိတာ ဖြစ်ပါတယ်။

pinterest.com

အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားခဲ့တဲ့ Dae-woong ဟာ အသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရပြီး Gumiho က သူ့ကို မြေခွေးအမြုတေဖြင့် ကယ်တင်လိုက်နိုင်ခဲ့တာပါ။ Dae-woong သတိရလာတဲ့အချိန်မှာတော့ လျှို့ဝှက်ဆန်းကြယ်ပြီး အရမ်းကိုလှပတဲ့ မိန်းကလေးတစ်ဦးကို တွေ့ခဲ့ရပါတယ်။ သူမဟာ လူသားအသွင်ဆောင်ထားတဲ့ Gumiho ဖြစ်နေခဲ့တာဖြစ်ပြီး  ယုံတမ်းပြောစကားတွေအရ Gumiho ဟာ ယောက်ျားတွေရဲ့အသည်းကို စားသုံးတယ်ဆိုတာကြောင့် Dae-woong တစ်ယောက် အရမ်းကိုကြောက်ရွံ့နေပြီး Gumiho က ဒါကိုအခွင့်ကောင်းယူကာ သူ့ဘေးနားတွင် ကပ်နေခဲ့ပါတယ်။ Dae-woong က သူမကို ‘Mi-ho’ ဟုအမည်ပေးထားခဲ့ပြီး သူမကြိုက်တတ်တဲ့ အမဲသားတွေကို ဝယ်ကျွေးကာ သူမရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားစေခဲ့တာ ဖြစ်ပါတယ်။

pinterest.com

Park Dong-joo (No Min-woo) ကတော့ လူသားတစ်ဝက်၊ သဘာဝလွန်သတ္တဝါတစ်ဝက်ဖြစ်ကာ သူ့ရဲ့သရုပ်မှန်ကို တိရစ္ဆာန်ဆရာဝန်တစ်ယောက်အဖြစ် ဖုံးကွယ်ထားခဲ့တာပါ။ သာမန်လူသားတစ်ယောက်အဖြစ် ရှင်သန်ချင်တဲ့ ‘Mi-ho’ ဟာ Dong-joo ရဲ့အကြံဉာဏ်အတိုင်း လူသားရဲ့ကိုယ်ထဲတွင် မြေခွေးအမြုတေကို ရက်ပေါင်း 100 ထားရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ သူမလူသားဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Dong-joo မပြောဘဲ တမင်ချန်ထားခဲ့တဲ့ အရေးကြီးတဲ့အချက်က မြေခွေးအမြုတေကို လက်ခံထားတဲ့လူသားဟာ ရက်ပေါင်း 100 ပြည့်ရင် သေရမယ်ဆိုတာပါပဲ။ ဒါကိုမသိဘဲ အမြုတေကို လက်ခံထားခဲ့တဲ့ Dae-woong တစ်ယောက် တကယ်ပဲသေဆုံးသွားမလား ဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

မြေခွေးမလေးရဲ့ ရင်ခုန်သံ (My Girlfriend Is a Gumiho) ကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: