Thursday, June 1, 2023
HomeEntertainmentတစ်ခေတ်တစ်ခါက အရမ်းကိုအောင်မြင်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ "Iljimae"

တစ်ခေတ်တစ်ခါက အရမ်းကိုအောင်မြင်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ “Iljimae”

လရောင်အောက်က ဓားသမား (Iljimae) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2008 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ အက်ရှင်ဇာတ်လမ်းတွဲဟောင်းတစ်ခုဖြစ်ပြီး မင်းသားချော Lee Joon-gi က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ 1975-1977 ခုနှစ်အတွင်း ထုတ်ဝေခဲ့တဲ့ စာရေးဆရာ Ko Woo-young ရေးသားထားတဲ့ တရုတ်ရိုးရာပုံပြင်ကို အခြေခံထားတာဖြစ်ကာ ဂျိုဆွန်းခေတ်အတွင်း ရော်ဘင်ဟုဒ်နဲ့ဆင်တူတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ ဇာတ်ကောင်အကြောင်းကို ရိုက်ကူးပုံဖော်ထားခဲ့တာပါ။

Instagram

ဂျိုဆွန်းခေတ် 1633 ခုနှစ်ဝန်းကျင်တွင် Lee Gyeom (Lee Joon-gi) ဟာ ဘုရင်ကြီးရဲ့ယုံကြည်စိတ်ချရတဲ့ ညီတော်ဖြစ်သူ မင်းသား Lee Won-ho ရဲ့သားဖြစ်ပါတယ်။ မျက်မမြင်ရှေ့ဖြစ်ဟောဆရာက Lee Won-ho ရဲ့အိမ်ကိုကြည့်ပြီး ဒီအိမ်တွင် လူတွေကသဘောကျမယ့် နေလိုမျိုးထွန်းလင်းတောက်ပတဲ့သူတစ်ယောက်ကို မြင်ရကြောင်း ပြောကြားတဲ့အခါမှာတော့ ဘုရင်ကြီးက ကောင်းကင်တစ်ခွင်တွင် နေနှစ်စင်းအတူ ထွန်းလင်းတောက်ပလို့မရဘူးဟုဆိုကာ Lee Won-ho ကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

Lee Won-ho ရဲ့သားဖြစ်သူ Gyeom ဟာ အသက်ဘေးအန္တရာယ် မကျရောက်ခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့သေဆုံးမှုကို မျက်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့အခြေအနေကြားမှာ Gyeom ရဲ့မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ပြီး နာမည်ကြီးသူခိုးဖြစ်ခဲ့သူ Soe-dol က သူ့ကို Yong-i ဟုအမည်ပြောင်းကာ မွေးစားခဲ့ပါတယ်။ ဆယ့်သုံးနှစ်ကြာပြီးနောက်မှာတော့ Yong-I ဟာ သူ့ရဲ့ပျောက်ဆုံးသွားတဲ့မှတ်ဉာဏ်ကို ပြန်ရရှိခဲ့ကာ သူ့ရဲ့အစ်မဖြစ်သူ Yeon ကိုစတင်ရှာဖွေခဲ့ပေမယ့် မကြာခင်မှာပဲ အစ်မဖြစ်သူဟာလည်း အပြစ်ပေးခံရကာ သေဆုံးသွားပါတယ်။

Instagram

Gyeom က သူခံစားခဲ့ရတဲ့အရာတွေအတွက် ပြန်လည်လက်စားချေဖို့ လွန်ခဲ့တဲ့ဆယ့်သုံးနှစ်က သူမှတ်မိနေခဲ့တဲ့ လူသတ်သမားရဲ့ဓားပေါ်ကတံဆိပ်ကို သဲလွန်စအဖြစ်ရှာဖွေခဲ့ပါတယ်။ ဒီရှာဖွေမှုအတွက် Gyeom ဟာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကာ လျှို့ဝှက်ဆန်းကြယ်တဲ့သူခိုးတွေအဖြစ် နန်းတွင်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ပြည်သူတွေရဲ့ မတရားမှုတွေအတွက် ကူညီပေးကာ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့တာပါ။ ပြည်သူတွေကြားထဲမှာ နာမည်ကြီးလာခဲ့တဲ့ Iljimae ကို ဘုရင်နဲ့ ဘုရင့်အမှုထမ်းတွေက ဖမ်းဆီးပြီး သရုပ်မှန်ကိုဖော်ထုတ်နိုင်ဖို့ ကြိုးစားလာကြပါတယ်။ Gyeom က သူ့ရဲ့မတရားမှုအတွက် တကယ်ပဲအမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ပါ့မလား ဘုရင်ကြီးရဲ့ အန္တရာယ်စက်ကွင်းကို ဘယ်လိုမျိုးရှောင်ရှားသွားမလဲဆိုတာကို ကြည့်ရှုရမယ့် နန်းတွင်းအက်ရှင် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

လရောင်အောက်က ဓားသမား (Iljimae) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: