Thursday, June 1, 2023
HomeEntertainmentတောင်တက်ခရီးမှာ အဖြစ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းတစ်စုရဲ့ဇာတ်လမ်း "ပြန်လမ်းမဲ့ တောင်တက်ခရီး"

တောင်တက်ခရီးမှာ အဖြစ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းတစ်စုရဲ့ဇာတ်လမ်း “ပြန်လမ်းမဲ့ တောင်တက်ခရီး”

‘ပြန်လမ်းမဲ့ တောင်တက်ခရီး’ ဇာတ်ကားဟာ 2013 ခုနှစ်တွင်ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာ KS Ashoka မှ ပွဲဦးထွက်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ 1999 ခုနှစ်ထွက် အမေရိကန်ရုပ်ရှင် The Blair Witch Project ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

Instagram.com

‘ပြန်လမ်းမဲ့ တောင်တက်ခရီး’ ဇာတ်ကားတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသား Darshan Apoorva, Krishna Prakash, Vijay Chendoor, မင်းသမီး Pallavi, Tanuja နဲ့ Mruthyunjaya တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက 2010 ခုနှစ် အောက်တိုဘာ 28 ရက်နေ့တွင် Ramesh, Naveen, Shekar, Prakash, Deepa နဲ့ Soumya တို့ဟာ အိန္ဒိယအနောက်ဘက်ရှိ တောင်တက်ခရီးတစ်ခုကို သွားရောက်ရန်စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်တွင် သူတို့ခြောက်ဦးအနက် လေးဦးသေဆုံးကာ တစ်ယောက်ကပျောက်ဆုံးနေခဲ့ပြီး ကျန်တစ်ယောက်ကတော့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Instagram.com

ခရီးစဉ်တွင် Ramesh က မှတ်တမ်းရုပ်ရှင်ရိုက်ကူးရန်အတွက် ကင်မရာယူဆောင်လာခဲ့တာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် သူတို့ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားဖွယ်အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။ ကိုးရက်အကြာမှာတော့ Ramesh ရဲ့ ကင်မရာကို ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်တဲ့ သစ်တောအစောင့်တွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း သူတို့သူငယ်ချင်းခြောက်ယောက် ဘယ်လိုအရာတွေနဲ့ တွေ့ကြုံခဲ့ရလဲ၊ သူတို့ကိုအန္တရာယ်ပြုခဲ့တဲ့အရာက ဘာများလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ‘ပြန်လမ်းမဲ့ တောင်တက်ခရီး’ အိန္ဒိယဇာတ်ကားကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: