ကြိုးကြာတောင်ပံခတ်သံ မြန်မာရုပ်ရှင်ဇာတ်ကားကြီးဟာ စာရေးဆရာကြီး လင်္ကာရည်ကျော်ရဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲတွင် သရုပ်ဆောင်တွေအနေနဲ့ နေတိုး၊ အိန္ဒြာကျော်ဇင်၊ ကျော်ကျော်ဗို၊ ဝိုင်းစုခိုင်သိန်း၊ မိုးယုစံတို့က အဓိကပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ စွန့်လွှတ်အနစ်နာခံ လူငယ်ဆရာဝန်တွေရဲ့ ဂုဏ်ယူဖွယ်လုပ်ရပ်နဲ့ လေးစားဖွယ်စိတ်ဓာတ်တွေအကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ကိုယ့်ကို လိုအပ်နေတဲ့ လူနာတွေရှိရာ ဘယ်နေရာမဆို မညည်းမညူသွားရောက်ပြီး စွန့်လွှတ်အနစ်နာခံကာ ကြိုးစားရှင်သန်နေတဲ့ ဆရာဝန်တွေရဲ့ဘဝ၊ အချစ်ရေးနဲ့ လွမ်းမောဖွယ်ရာအကြောင်းတွေကို ခံစားမှုရသအစုံအလင်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ကြိုးကြာတောင်ပံခတ်သံ ရုပ်ရှင်ဇာတ်ကားကြီးတွင် ဒေါက်တာလတ်ငြိမ်းအဖြစ် နေတိုး၊ ဒေါက်တာသိန်းမိုးအဖြစ် ကျော်ကျော်ဗို၊ ဒေါက်တာသွယ်စုလှိုင်အဖြစ် အိန္ဒြာကျော်ဇင်၊ စိုးစိုးမာအဖြစ် ဝိုင်းစုခိုင်သိန်းနဲ့ မေထားရီအဖြစ် မိုးယုစံတို့က ပါဝင်ထားကြပါတယ်။

ဆေးကျောင်းအတူတက်ခဲ့ကြပြီး အရမ်းကိုရင်းနှီးချစ်ခင်ကြတဲ့ သူငယ်ချင်းသုံးယောက်ဟာ ကျောင်းပြီးသွားတဲ့အချိန်မှာတော့ မတူညီတဲ့နေရာဒေသတွေမှာ တာဝန်ကိုယ်စီထမ်းဆောင်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေနဲ့ သူတို့ရဲ့ရင်တွင်းရေးပြဿနာလေးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။
ကြိုးကြာတောင်ပံခတ်သံ မြန်မာရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။