Wednesday, November 29, 2023
HomeEntertainmentစီးပွွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ သာမန်မိန်းကလေးတစ်ဦးတို့ရဲ့ ဆန်းသစ်တဲ့အချစ်ဇာတ်လမ်းတွဲ 'အချစ်တို့မည်သည်'

စီးပွွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ သာမန်မိန်းကလေးတစ်ဦးတို့ရဲ့ ဆန်းသစ်တဲ့အချစ်ဇာတ်လမ်းတွဲ ‘အချစ်တို့မည်သည်’

အချစ်တို့မည်သည် အိန္ဒိယဇာတ်လမ်းတွဲဟာ အချစ်ဒရာမာဇာတ်လမ်းမျိုးဖြစ်ပြီး မင်းသား Barun Sobti နဲ့ မင်းသမီး Sanaya Irani တို့က အဓိကပါဝင်ထားတာ ဖြစ်ပါတယ်။ ဒေလီအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်ကြီး Arnav Singh Raizada နဲ့ လူလတ်တန်းစားမိန်းကလေး Khushi Kumari Gupta တို့အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ အိန္ဒိယအချစ်ဒရာမာ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။

pinterest

ဇာတ်လမ်းပုံစံက မထင်မှတ်ဘဲ ပရိုမိုးရှင်းဖက်ရှင်ပွဲတစ်ခုမှ မတော်တဆအဖြစ်အပျက်တစ်ခုကြောင့် တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ကြား တင်းမာမှုတွေအနည်းငယ်ရှိခဲ့ကြတဲ့ Arnav နဲ့ Khushi တို့ကို ကံကြမ္မာက နောက်ထပ်တစ်ကြိမ် မမျှော်လင့်တဲ့ အခြေအနေဖြင့် တွေ့ဆုံစေခဲ့ပြန်ပါတယ်။ Khushi ဟာ Arnav ရဲ့ကားကိုမှ စကူတာဖြင့်ဝင်တိုက်မိခဲ့ပြီး Arnav က သူ့ရဲ့ကားအတွက် လျော်ကြေးတောင်းခဲ့ပါတယ်။ Khushi ကလည်း Arnav ရဲ့ ကားပျက်စီးမှုအတွက် လျော်ကြေးပေးမယ်ဟု လက်ခံခဲ့ပေမယ့် လူလတ်တန်းစားမိန်းကလေးအတွက် ဒီငွေပမာဏဟာ များလွန်းနေခဲ့ပါတယ်။

pinterest

အဲဒီနောက်မှာတော့ Khushi တစ်ယောက် အဒေါ့်ခင်ပွန်းရဲ့အကူအညီဖြင့် Arnav ပိုင်ဆိုင်တဲ့ ကုမ္ပဏီသို့ရောက်ရှိလာခဲ့တာပါ။ Arnav က သူမကိုလက်မခံပေမယ့် Khushi ကတော့အရှုံးမပေးဘဲ 15 ရက်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပြီး စာချုပ်သက်တမ်းမကုန်မီ အလုပ်ထွက်ခဲ့ပါက ကုမ္ပဏီကို ရူပီးတစ်သိန်းပေးလျော်မယ်ဟု ပြောခဲ့ပါတယ်။ Arnav က သူ့နိုင်ကွက်ထဲကို ရောက်လာခဲ့တဲ့ Khushi ကို အမျိုးမျိုးစိတ်ဒုက္ခတွေပေးခဲ့တာဖြစ်ကာ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက ဆက်ပြီးတင်းမာနေဦးမလား Khushi တစ်ယောက် Arnav ရဲ့နှိပ်စက်မှုတွေအောက်မှာ စာချုပ်ပါသက်တမ်းအထိ နေနိုင်ပါ့မလား။ နောက်ထပ်ရော သူတို့ရဲ့ဆက်ဆံရေးတွေက ဘယ်လိုတွေပြောင်းလဲလာမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

အချစ်တို့မည်သည် အိန္ဒိယဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: