Monday, December 11, 2023
HomeEntertainmentစုန်းမတစ်ကောင်နဲ့ မိသားစုတစ်စုရဲ့ အားပြိုင်မှုကိုကြည့်ရမယ့် အိန္ဒိယစီးရီး Nazar

စုန်းမတစ်ကောင်နဲ့ မိသားစုတစ်စုရဲ့ အားပြိုင်မှုကိုကြည့်ရမယ့် အိန္ဒိယစီးရီး Nazar

ကဝေမယ်ရဲ့ ထောင်ချောက် (Nazar) အိန္ဒိယဇာတ်လမ်းတွဲကို ဒါရိုက်တာ Atif Khan မှ ရိုက်ကူးထားတာဖြစ်ပြီး သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ 2018 ခုနှစ် ဇူလိုင်လမှ 2020 ဖေဖော်ဝါရီလအထိ ထုတ်လွှင့်ပြသခဲ့တဲ့ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသမီး Monalisa, Niyati Fatnani နဲ့ မင်းသား Harsh Rajput တို့က အဓိကဇာတ်ကောင်နေရာတွေကနေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

pinterest

လူကြိုက်များခဲ့တဲ့ ကဝေမယ်ရဲ့ ထောင်ချောက် (Nazar) ဇာတ်လမ်းတွဲကို season 2 အဖြစ်လည်း ရိုက်ကူးထုတ်လွှင့်ပြသခဲ့ပြီး နောက်ဆက်တွဲဇာတ်လမ်းမှာတော့  မင်းသမီး Monalisa နဲ့ Shruti Sharma တို့က အဓိကပါဝင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက အသက် 250 ကျော်ရှိပြီဖြစ်တဲ့ Mohana စုန်းမဟာ အမြဲတမ်းငယ်ရွယ်နုပျိုနေစေဖို့ လူသားတွေရဲ့အသက်စွမ်းအင်ကို ရယူကာ ရှင်သန်နေသူ တစ်ယောက်ဖြစ်ပါတယ်။ ရွာတစ်ရွာရှိ သစ်ပင်တစ်ပင်တွင် ကပ်နေတဲ့ Mohana ဟာ စီးပွါးရေးသမား Mridul Rathod ကို စွဲလမ်းကာ သူ့ကိုလက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးတွင် Ansh နဲ့ Kajal ဆိုတဲ့ သားသမီးနှစ်ယောက်ရှိပြီး Mohana က သူမရဲ့အောက်လမ်းမှော်ပညာဖြင့် ခင်ပွန်းဖြစ်သူကို ဥစ္စာပစ္စည်းတွေရှာဖွေရာတွင် ကူညီပေးခဲ့ပါတယ်။

pinterest

နောက်ပြီး သူမဟာ ခင်ပွန်းဖြစ်သူဆီကနေ အသက်စွမ်းအင်တွေကို စုပ်ယူနေခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူ Mridul Rathod ဟာ အရွယ်မတိုင်မီ သေဆုံးခဲ့ရပါတယ်။ Mridul Rathod ရဲ့ခယ်မဖြစ်သူ Vedashree Rathod ဟာ သံသယနဲ့စိုးရိမ်မှုတွေဖြစ်လာခဲ့ပြီး သူမရဲ့သူငယ်ချင်း Divya Sharma ရဲ့အကူအညီကိုရယူကာ စုန်းမတစ်ကောင်ရဲ့ပင်မ စွမ်းအင်နေရာဖြစ်တဲ့ Mohana ရဲ့ကျစ်ဆံမြီးကို ဖြတ်တောက်ကာ သူမကိုအစီအရင်ပြုလုပ်ထားတဲ့ ဘုရားကျောင်းတွင် ပိတ်လှောင်ခဲ့ကြပါတယ်။ Vedashree နဲ့ သူမရဲ့ခင်ပွန်း Shekhar Rathod တို့ဟာ Ansh နဲ့ Kajal ကလေးလေးနှစ်ယောက်ကို မွေးစားခဲ့ကြတာပါ။

တကယ်ရော စုန်းမ Mohana ဟာ စွမ်းအားတွေမဲ့သွားပြီး သူတို့ဘဝထဲက ထွက်ခွါသွားပြီလား။ ဒါမှမဟုတ် သူတို့မိသားစုလေးထဲကို ထင်မှတ်မထားတဲ့ ဘယ်လိုကံကြမ္မာဆိုးတွေက ဝင်ရောက်လာဦးမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ကဝေမယ်ရဲ့ ထောင်ချောက် (Nazar) အိန္ဒိယဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d