Monday, May 29, 2023
HomeEntertainmentစိတ်ဓာတ်ခိုင်မာတဲ့မင်းသမီးလေးအကြောင်း ရိုက်ကူးထားတဲ့‘The Princess Weiyoung’

စိတ်ဓာတ်ခိုင်မာတဲ့မင်းသမီးလေးအကြောင်း ရိုက်ကူးထားတဲ့‘The Princess Weiyoung’

မြောက်ပိုင်းနဲ့ တောင်ပိုင်းမင်းဆက်တွေ ကွဲပြားအုပ်ချုပ်နေချိန်တွင် မြောက်ပိုင်း Liang ရဲ့တော်ဝင်မိသားစုတွင် Fan Xin Er အမည်ရှိ မင်းသမီးလေးတစ်ပါးရှိပြီး သူမဟာ ကြင်နာတတ်ပြီး လွတ်လပ်စွာနေထိုင်တတ်တဲ့ ချစ်စရာကောင်းသူလေး တစ်ယောက်ဖြစ်ပါတယ်။ မြောက်ပိုင်း Chiyung မျိုးနွယ်မှ စစ်သူကြီးတစ်ဦးဖြစ်တဲ့ Chiyun Nan ဟာ မြောက်ပိုင်း Liang ပြည်ကို လွှမ်းမိုးအုပ်ချုပ်ရန် လောဘဇောဖြင့် တော်ဝင်မိသားစုတစ်ခုလုံးနီးပါးကို သတ်ဖြတ်ကာ မင်းသမီးလေး Fan Xin Er ကိုတော့ သူမဘာသာ ဘဝရပ်တည်ရှင်သန်ဖို့ စေခိုင်းခဲ့ပါတယ်။

pinterest

မြောက်ပိုင်း Wei ဝန်ကြီးချုပ်ရဲ့သမီးဖြစ်သူ Li Weiyoung ဟာ မင်းသမီးလေးကို အန္တရာယ်ကနေ ကာကွယ်ပေးခဲ့ပါတယ်။ သေခြင်းမှလွတ်မြောက်ပြီးနောက် မြောက်ပိုင်း Liang မင်းသမီး Feng Xin Er ဟာ သူမနိုင်ငံကို ဖျက်ဆီးခဲ့တဲ့ ရန်သူတွေကို လက်စားချေရန်အတွက် သူမကိုကယ်တင်ပေးခဲ့တဲ့ Li Weiyoung ရဲ့အကူအညီကို ရယူခဲ့ပါတယ်။

pinterest

The Princess Weiyoung တရုတ်ဇာတ်လမ်းတွဲဟာ 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒီဇာတ်လမ်းတွဲတွင် မင်းသမီးချော Tiffany Tang က title role  အဖြစ်ပါဝင်ထားတာဖြစ်ပြီး Luo Jin, Vanness Wu, Mao Xiaotong နဲ့ Li Xinai တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဇာတ်ကွက်နဲ့ ဇာတ်ကောင်စရိုက်တွေကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားခဲ့တာဖြစ်ကာ ဒီဇာတ်လမ်းတွဲဟာ 2016 ခုနှစ်ရဲ့ rating သတ်မှတ်မှုအများဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

‘The Princess Weiyoung’ တရုတ်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: