My Girlfriend’s Boyfriend သိပ္ပံအချစ် ဟာသဇာတ်လမ်းတွဲကို ဇာတ်ညွှန်းဆရာ Nan Zhen က ရေးသားထားပြီး ဒါရိုက်တာ Deng Ke က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Bai Shu, Li Chuan နဲ့ မင်းသမီး Elvira Cai တို့က အဓိကပါဝင်ထားကြပြီး Liang Jie, Chen Jin Yun, Shen Chi, Yu Xin He, Deng Ke, Liang Hao နဲ့ He Rou Xi တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။

ဇာတ်လမ်းပုံစံက A Zhai ဟာ ကျောင်းတွင်အလှဆုံး မိန်းကလေးဖြစ်တဲ့ Pei Ni ကို စွဲစွဲလမ်းလမ်းချစ်မိနေတဲ့ သာမန် နည်းပညာစွဲလမ်းသူတစ်ယောက်ဖြစ်ပြီး သူဟာ ဘာမဆိုလုပ်ရဲတဲ့ သတ္တိနဲ့ လူမှုရေးကျွမ်းကျင်မှု အားနည်းသူတစ်ယောက် ဖြစ်ပါတယ်။

သူဟာ အနာဂတ်တွင် စက်ရုပ်အဖော်ကို ဖန်တီးနိုင်တဲ့ နည်းပညာကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ A Zhai ဟာ Pei Ni ရဲ့စံပြချစ်သူပုံစံ စက်ရုပ်တစ်ရုပ်ကို ပရိုဂရမ်ဆွဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အခြေအနေတွေက ပိုမိုရှုပ်ထွေးလာခဲ့ပြီး A Zhai က Pei Ni ကို စိတ်မဝင်စားဘဲ သူဖန်တီးထားတဲ့ စက်ရုပ်ကိုသာ ပိုသဘောကျနေခဲ့တာပါ။ A Zhai တစ်ယောက် စက်ရုပ်နဲ့ သူချစ်နေရတဲ့ ကောင်မလေးကြား ဘယ်လိုအခြေအနေမျိုးနဲ့ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။
My Girlfriend’s Boyfriend သိပ္ပံအချစ် ဟာသဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။