Thursday, June 1, 2023
HomeEntertainmentချစ်သူရဲ့သစ္စာဖောက်မှုကြောင့် ကလဲ့စားပြန်ချေပုံကိုရိုက်ကူးထားတဲ့ "The Innocent Man"

ချစ်သူရဲ့သစ္စာဖောက်မှုကြောင့် ကလဲ့စားပြန်ချေပုံကိုရိုက်ကူးထားတဲ့ “The Innocent Man”

ဖြူစင်သော အချစ် (The Innocent Man) ဟာ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုးရီးယားဇာတ်လမ်းတွဲဖြစ်ပြီး မင်းသား Song Joong-ki, မင်းသမီး Moon Chae-won နဲ့ Park Si-yeon တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သစ္စာဖောက်မှုနဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ရမယ့် အမိုက်စား ဇာတ်လမ်းပုံစံမျိုး ဖြစ်ပါတယ်။

pinterest.com

ဇာတ်လမ်းပုံစံက ရုပ်မြင်သံကြားသတင်းထောက်တစ်ဦးဖြစ်တဲ့ Han Jae-hee (Park Si-yeon) ဟာ ဆင်းရဲတွင်းကနေ လွတ်မြောက်နိုင်ဖို့ သူမရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့ CEO တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါကြောင့် သူမဟာ အချစ်ထက်ငွေကို ဦးစားပေးရွေးချယ်ကာ သူမရဲ့ချစ်သူ Ma-ru (Song Joong-ki) ကို သစ္စာဖောက်ခဲ့ပါတယ်။

ရက်စက်စွာသစ္စာဖောက်ခံလိုက်ရတဲ့ Ma-ru ဟာ အရမ်းကိုစိတ်ထိခိုက်သွားခဲ့ပြီး အငြိုးအတေးဒေါသတွေနဲ့အတူ လုံးဝကိုပြောင်းလဲတဲ့သူတစ်ယောက်ဖြစ်လာခဲ့တာပါ။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် အသက် 30 အရွယ် Ma-ru ဟာ ဘားတင်ဒါတစ်ယောက်ဖြစ်လာခဲ့ကာ အရင်လို ကောင်းမွန်တဲ့သူတစ်ယောက်တော့ မဟုတ်တော့ပါဘူး။

pinterest.com

အဲဒီနောက်မှာတော့ Ma-ru ဟာ ဖခင်ရဲ့လုပ်ငန်းကို အမွေဆက်ခံမယ့် Seo Eun-gi (Moon Chae-won) နဲ့တွေ့ဆုံခဲ့ပါတယ်။ Eun-gi ဟာ အေးစက်ပြီး အတွက်အချက်ကောင်းသူ စီးပွားရေးတွင် ထူးချွန်ပြီး ဘယ်သူ့ကိုမှ စိတ်ခံစားချက် ဖော်မပြတတ်သူတစ်ယောက်အဖြစ် ဖခင်ဖြစ်သူရဲ့ လက်အောက်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ Ma-ru ဟာ သူ့ရဲ့ချစ်သူဟောင်း Jae-hee ကို လက်စားချေရန်အတွက် Eun-gi ကို အသုံးချရန်ကြိုးစားခဲ့ပေမယ့် မမျှော်လင့်တဲ့ ချစ်ခြင်းတွေက တစ်ဖန်ပေါ်ပေါက်လာခဲ့ပါတယ်။

သူတို့တွေရဲ့ကြားမှာ ဘယ်လိုမျိုးရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။ ဖြူစင်သော အချစ် (The Innocent Man) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: