Monday, May 29, 2023
HomeEntertainmentကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုအကြောင်းကို ပညာပေးရိုက်ကူးထားတဲ့'Kill Me, Heal Me'

ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုအကြောင်းကို ပညာပေးရိုက်ကူးထားတဲ့’Kill Me, Heal Me’

အချစ်နဲ့ကုစားပေးပါ (Kill Me, Heal Me) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2015 ကတည်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲဟောင်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မင်းသား Ji Sung, Park Seo-joon, Oh Min-suk, မင်းသမီး Hwang Jung-eum, နဲ့ Kim Yoo-ri တို့ပါဝင်သရုပ်ဆောင်ထားကြတာပါ။ အချစ်နဲ့ကုစားပေးပါ (Kill Me, Heal Me) ဇာတ်လမ်းတွဲဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု dissociative identity disorder ရောဂါနဲ့ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုတွေအကြောင်း အဓိကပြသထားတာ ဖြစ်ပါတယ်။

pinterest

လူ့ခန္ဓာကိုယ်ဟာ ခက်ခဲတဲ့အခြေအနေတွေမှာ ရှင်သန်ဖို့အတွက် အမျိုးမျိုးသော လုပ်ဆောင်နိုင်စွမ်းတွေ ရှိလို့နေတာ ဖြစ်ပါတယ်။ Cha Do Hyun (Ji Sung) ဟာ တတိယမျိုးဆက် စီးပွါးရေးအမွေဆက်ခံသူ တစ်ယောက်ဖြစ်ပြီး သူဟာ အသက်အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တွေနဲ့ကြုံတွေ့ရပြီးနောက်တွင် dissociative identity disorder ရောဂါနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ သူ့ကိုတိတ်တဆိတ်ကူညီပေးဖို့ လှပချောမောတဲ့ စိတ်ရောဂါအထူးကု ပထမနှစ်ကျောင်းသူလေး Oh Ri Jin (Hwang Jung-eum) ကိုအလုပ်ခန့်ခဲ့ပြီး သူမရဲ့အကူအညီဖြင့် သူ့ဘဝကိုပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

pinterest

ဒါပေမယ့် Ri Jin ရဲ့ အမြွှာမောင်ဖြစ်သူ Oh Ri On (Park Seo-joon) ဟာ လူချမ်းသာတွေရဲ့ မရိုးသားတဲ့ဘဝတွေကို ဖော်ထုတ်ရေးသားလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး Do Hyun ရဲ့အကြောင်းတွေကို လိုက်စုံစမ်းနေခဲ့တာပါ။ မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ ခုနစ်မျိုးကို ရင်ဆိုင်နေရတဲ့ Do Hyun တစ်ယောက် သူ့ရဲ့ဘဝကို ပြန်လည်ထိန်းချုပ်နိုင်ပါ့မလား။

အချစ်နဲ့ကုစားပေးပါ (Kill Me, Heal Me) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: