Friday, September 22, 2023
HomeEntertainmentကိုယ်စီအိမ်ထောင်ဖက်တွေရဲ့ ဖောက်ပြန်မှုကိုခံရပြီး နီးစပ်ဖို့ဖြစ်လာကြသူနှစ်ဦးအကြောင်းရိုက်ကူးထားတဲ့ "Bepannah"

ကိုယ်စီအိမ်ထောင်ဖက်တွေရဲ့ ဖောက်ပြန်မှုကိုခံရပြီး နီးစပ်ဖို့ဖြစ်လာကြသူနှစ်ဦးအကြောင်းရိုက်ကူးထားတဲ့ “Bepannah”

အချစ်ဒရာမာဇာတ်လမ်းတွဲ အဆုံးမရှိသော (Bepannah) ဟာ 2018 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Cinevistaas Limited ကထုတ်လုပ်ထားကာ မင်းသား Harshad Chopda နဲ့ မင်းသမီး Jennifer Winget တို့က အဓိကသရုပ်ဆောင်ထားကြပါတယ်။

youtube.com

Aditya နဲ့ Zoya တို့နှစ်ယောက်ဟာ သူတို့အိမ်ထောင်ဖက်တွေရဲ့ သစ္စာဖောက်မှုကြောင့် တွေ့ဆုံပေါင်းစည်းဖို့ ဖြစ်လာခဲ့ကြတာ ဖြစ်ပါတယ်။ Aditya ရဲ့ဇနီးဖြစ်သူနဲ့ Zoya ရဲ့ခင်ပွန်းဖြစ်သူတို့ဟာ မတော်တဆမှုတစ်ခုတွင် အတူသေဆုံးနေကြတာကို တွေ့ရှိခဲ့ကြပြီး သူတို့နှစ်ယောက် ဖောက်ပြန်နေကြတယ်ဆိုတာကို Aditya နဲ့ Zoya က သိရှိခဲ့ကြပါတယ်။

youtube.com

ထိတ်လန့်တုန်လှုပ်ဖွယ် အမှန်တရားကြောင့် Zoya တစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် Aditya က အချိန်မီကယ်တင်လိုက်နိုင်ပါတယ်။ ဒါပေမယ့် CBI စစ်ဆေးရေးမှူး Rajveer Khanna က သူတို့နှစ်ယောက်ဟာ သူတို့ရဲ့အိမ်ထောင်ဖက်တွေကို သတ်ဖြတ်လိုက်တယ်ဟုယုံကြည်နေပြီး အပြစ်သားတွေအဖြစ် သတ်မှတ်ခဲ့တာပါ။ စွပ်စွဲချက်တွေကနေလွတ်မြောက်ဖို့ အတူကြိုးစားရင်း သူတို့နှစ်ယောက်ရဲ့ တူညီတဲ့ဒဏ်ရာတွေက ခိုင်မာတဲ့နှောင်ကြိုးတစ်ခုကို ဖြစ်စေခဲ့ကာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။

အဆုံးမရှိသော (Bepannah) အိန္ဒိယဇာတ်လမ်းတွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: