နွေဦးအမှတ်တရများ (Rush to the Dead Summer) ဇာတ်လမ်းတွဲဟာ ငယ်ရွယ်နုပျိုမှုတွေကို မြင်တွေ့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ခင်မင်ရင်းနှီးမှု၊ ကင်းကွာခြင်းနဲ့ ကိုယ်ပိုင်လမ်းကို လျှောက်လှမ်းရင်း လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ကြပုံကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဆင်းဆင်းရဲရဲကြီးပြင်းလာရပေမယ့် ကြိုးစားတတ်တဲ့ Li Xia ဟာ အလယ်တန်းကျောင်းအတွက် ပညာသင်ဆုရရှိခဲ့ပါတယ်။ အဲဒီကျောင်းမှာတော့ သူမဟာ Fu Xiao Si နဲ့ Lu Zhi Ang ဆိုတဲ့သူငယ်ချင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလူငယ်အုပ်စုလေးဟာ မြန်ဆန်စွာပဲ ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ကြတာပါ။

ဘွဲ့ရပြီးသွားတဲ့နောက်မှာတော့ လူတိုင်းဟာ မတူညီတဲ့လမ်းတွေကို လျှောက်ဖို့ဖြစ်လာကြပါတယ်။ Xiao Si က လူသိများတဲ့အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး Li Xia က Xiao Si ရဲ့ လက်ထောက်ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်တွင်လည်း Qi Qi ဟာ သီချင်းဆိုပြိုင်ပွဲတွင် အနိုင်ရကာကျော်ကြားတဲ့ idol တစ်ဦးဖြစ်လာခဲ့ပြီး အဆိုတော်ဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် ဘေဂျင်းမြို့သို့ Yu Jian က ဦးဆောင်ခေါ်ဆောင်သွားခဲ့ပါတယ်။

လူတိုင်းဟာ သူတို့ရဲ့အိပ်မက်တွေအတွက် တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။ ခက်ခဲတဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ Xiao Si, Li Xia ရဲ့ထွက်ခွါမှု၊ Zhi Ang ရဲ့ အကျဉ်းချခံရမှု၊ Qi Qi ရဲ့ သစ္စာဖောက်မှုနဲ့ Yu Jian ရဲ့ ချစ်သူကောင်လေးသေဆုံးမှုတွေက ပူနွေးတောက်ပတဲ့နွေရာသီကို အရောင်မှိန်ဖျော့သွားစေခဲ့ပါတယ်။ လူတိုင်းဟာ ပြောင်းလဲနေကြပြီး သူတို့ရဲ့ချစ်ခင်ရင်းနှီးမှုတွေကို သံသယဝင်စပြုလာကြတာပါ။ ဆယ်နှစ်တာကာလ အမှတ်တရတွေကလွဲပြီး ဘယ်အရာကမှ ထာဝရမတည်မြဲနိုင်ဘူးဆိုတာကို သိရှိခဲ့ကြပြီး သူတို့ဟာတဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့ကြပါတယ်။
နွေဦးအမှတ်တရများ (Rush to the Dead Summer) ဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Cheney Chen, Bai Jing Ting, မင်းသမီး Zheng Shuang, Chai Bi Yun, Xia Zi Tong နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ လူငယ်အချစ်ဒရာမာ နွေဦးအမှတ်တရများ (Rush to the Dead Summer) ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။