Friday, September 22, 2023
HomeEntertainmentကျောက်မျက်လုပ်ငန်းရဲ့သခင်လေးနဲ့ နွမ်းပါးတဲ့မိန်းကလေးတို့ရဲ့ ချစ်ဇာတ်လမ်း "My Ruby My Blood"

ကျောက်မျက်လုပ်ငန်းရဲ့သခင်လေးနဲ့ နွမ်းပါးတဲ့မိန်းကလေးတို့ရဲ့ ချစ်ဇာတ်လမ်း “My Ruby My Blood”

My Ruby My Blood တရုတ်ဒရာမာဇာတ်လမ်းတွဲကို ဇာတ်ညွှန်း Mo Xi က ရေးသားပြီး ဒါရိုက်တာ Song Yang က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီအချစ်ဒရာမာဇာတ်လမ်းတွဲတွင် မင်းသား Nicky Wu နဲ့ မင်းသမီး Ying Er တို့က အဓိကပါဝင်သရုပ်ဆောင်ထားကာ မင်းသမီး Martine Ma, Zhang Xuan, မင်းသား Li Ming Ming, He Zhi Long နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။

pinterest.com

My Ruby My Blood ဇာတ်လမ်းတွဲလေးဟာ ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတစ်ယောက်က ဆင်းရဲတဲ့မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံပြီး အချစ်ဇာတ်လမ်းဖြစ်ပေါ်လာပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Qi Tang ဟာ ထိပ်တန်းကျောက်မျက်ရတနာ လုပ်ငန်းရဲ့ အထွေထွေမန်နေဂျာတစ်ဦးဖြစ်ပြီး ဒီဇိုင်းပိုင်းတွင် ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းရှိသူ Ye Zhao Jue ကို ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့ပါတယ်။ Ye Zhao Jue ဟာ သူမရဲ့ချစ်သူအပါအဝင် မိသားစုဝင်အားလုံးကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဒီအလုပ်ကို လုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။

viu.com

My Ruby My Blood အချစ်ဒရာမာဇာတ်လမ်းတွဲတွင် မင်းသား Nicky Wu က ကျောက်မျက်ရတနာ လုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ Qi Tang အဖြစ် ပါဝင်ထားပြီး မင်းသမီး Ying Er ကတော့ မိသားစုအတွက် အလုပ်တွေကြိုးစားလုပ်ကိုင်နေတဲ့ Ye Zhao Jue အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

My Ruby My Blood တရုတ်အချစ်ဒရာမာ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: