Wednesday, November 29, 2023
HomeLIFEသင့်ချစ်သူက သင့်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုတာ ပြနေတဲ့ အချက် (၅) ချက်

သင့်ချစ်သူက သင့်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုတာ ပြနေတဲ့ အချက် (၅) ချက်

အချစ်စစ်ဆိုတာ တကယ်တော့ အကြီးကြီးတွေလုပ်ပြနေမှ၊ ပါးစပ်က တဖွဖွပြောနေမှမဟုတ်ပါဘူး။ သူ့ရဲ့ အပြုအမူ၊ အနေအထိုင်နဲ့ ကိုယ့်အပေါ် ပြောဆိုဆက်ဆံပုံလေးတွေကနေတစ်ဆင့်လည်း သိနိုင်တဲ့အရာမျိုးပါ။ ခုဖော်ပြပေးမှာကတော့ သင့်ချစ်သူဟာ သင့်ကိုတကယ်ချစ်မြတ်နိုးတယ်ဆိုတာကို ဖော်ပြနေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

(၁) သင့်ကိုမကစားဘူး

ယောကျ်ားလေးတွေဟာ တကယ်ချစ်မိပြီဆိုရင် ချစ်သူကိုမကစားပါဘူး။ သူ့ရဲ့အနေအထိုင်၊ အသွားအလာတွေနဲ့ အပြုအမူတွေကြောင့် သင့်ကိုဘယ်တော့မှ စိတ်ပူပန်အောင်၊ မယုံသင်္ကာဖြစ်အောင် မနေပါဘူး။ သင်နဲ့ဝေးနေတဲ့အချိန်တွေမှာတောင် သင့်ကိုအမြဲစိတ်ချစေတဲ့သူဖြစ်ပြီး ယုံကြည်ထိုက်အောင် နေတဲ့သူဖြစ်ပါတယ်။ သင့်ကိုစိတ်ထိခိုက်အောင် လုပ်မှာမဟုတ်ပါဘူး။

(၂) အပြုအမူတွေကနေသိနိုင်တယ်

man holding baby s breath flower in front of woman standing near marble wall
Photo by vjapratama on Pexels.com

သင့်ကိုတကယ်ချစ်တဲ့ယောကျ်ားတစ်ယောက်အတွက် သင်ဟာ သူ့ဘဝအတွက် တန်ဖိုးအကြီးဆုံးသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်သင့်ကိုအမြဲတမ်းလေးစားတန်ဖိုးထားပြီး အမြဲသစ္စာရှိပေးမယ့်သူပါ။ သင့်ကိုပျော်ရွှင်စေဖို့အတွက် အမြဲတမ်းကြိုးစားနေမယ့်သူဖြစ်ပါတယ်။ သူ့ရဲ့အသေးအမွှားအပြုအမူလေးတွေကို ကြည့်ပြီး သင့်ကိုဂရုစိုက်တယ်၊ တန်ဖိုးထားတယ်ဆိုတာကို မြင်နိုင်ပါတယ်။

(၃) အနာဂတ်အကြောင်းပြောတယ်

သင့်ချစ်သူဟာ သင်နဲ့တွေ့ပြီးနောက်ပိုင်းမှာ အနာဂတ်အကြောင်းပြောလိုက်တိုင်း သင်လည်းပါနေမှာပါ။ သင်တို့နှစ်ယောက်အတူတူ ဘယ်လိုလေးနေမယ်၊ ဘယ်လိုလေးကြိုးစားမယ်ဆိုတာမျိုးပေါ့။ သင်နဲ့တစ်သက်လုံး လက်တွဲသွားနိုင်ဖို့အတွက် အမြဲတမ်းကြိုးစားနေမယ့်သူဖြစ်ပါတယ်။ သင့်ကိုပိုင်ဆိုင်နိုင်ဖို့၊ သင့်ကိုပျော်ရွှင်စွာထားနိုင်ဖို့အတွက် အမြဲတမ်းကြိုးစားနေတယ်ဆိုတာကိုလည်း သင်မြင်နေရမှာပါ။

(၄) တခြားမိန်းကလေးတွေကိုစိတ်မဝင်စားတော့ဘူး

sweet photo of couple
Photo by Marx Ilagan on Pexels.com

ယောကျ်ားတစ်ယောက်ဟာ တကယ်ချစ်မိသွားပြီဆိုရင် ချစ်မိတဲ့တစ်ယောက်ကိုပဲ စိတ်ဝင်စားပါတော့တယ်။ ဒါကြောင့်သင့်ချစ်သူဟာ သင့်ကိုတကယ်ချစ်မိသွားတယ်ဆိုတာကို ဒီအချက်ကနေလည်း သိနိုင်ပါတယ်။ သင်မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲလှနေပါစေ၊ ဘယ်လိုပဲပြင်ထား၊ ဘယ်လိုပဲဝတ်စားထားပါစေ သူဂရုမစိုက်တော့ပါဘူး။ သင့်တစ်ယောက်တည်းပဲ သူ့စိတ်ထဲမှာ ရှိနေတာမို့လို့ပါ။

(၅) သင့်အနားမှာပျော်နေမယ်

သင်တို့အတူတူရှိနေတဲ့အချိန်တွေဆိုရင် သူတကယ်ကိုပျော်နေမှာပါ။ သူ့အနေနဲ့ နေရထိုင်ရတာလည်း အရမ်းကို သက်တောင့်သက်သာရှိတယ်လို့ ခံစားရသလို၊ အမြဲတမ်းလည်း ရယ်မောပျော်ရွှင်နေမှာဖြစ်ပါတယ်။ သင့်အနားမှာနေရရင် ဘာလေးပဲလုပ်နေရလုပ်နေရ ပျော်ပြီးကျေနပ်နေတတ်တဲ့သူပါ။ အကြောင်းကတော့ သင်ဟာသူ့ရဲ့ စစ်မှန်တဲ့ မိတ်ဆွေကောင်း၊ မိသားစုဝင်တစ်ယောက်၊ သူ့ရဲ့စိတ်ကူးအိပ်မက်တွေဖြစ်နေလို့ပါပဲ။ သင့်ကို နာမည်ပြောင်လေးတွေပေးပြီးတော့လည်း ခေါ်တတ်ပါသေးတယ်။

Em Em

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: