Home

  • သူငယ်ချင်းတွေရဲ့ သစ္စာဖောက်မှုအတွက် အကြင်နာကင်းမဲ့သူတစ်ယောက်အဖြစ် လက်စားချေဖို့ပြန်လာခဲ့တဲ့ အမျိုးသမီးရဲ့ဇာတ်လမ်း ‘မစ္စမွန်တီခရစ္စတို’

    သူငယ်ချင်းတွေရဲ့ သစ္စာဖောက်မှုအတွက် အကြင်နာကင်းမဲ့သူတစ်ယောက်အဖြစ် လက်စားချေဖို့ပြန်လာခဲ့တဲ့ အမျိုးသမီးရဲ့ဇာတ်လမ်း ‘မစ္စမွန်တီခရစ္စတို’

    သည်းထိတ်ရင်ဖို အချစ်မယ်လိုဒရာမာဇာတ်လမ်းတွဲ ‘မစ္စမွန်တီခရစ္စတို’ ကို Jung Hye Won က ရေးသားထားပြီး ဒါရိုက်တာ Park Gi Ho က ရိုက်ကူးပုံဖော်ထားကာ သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Lee So Yeon, Choi Yeo Jin, Kim Mi Ra နဲ့ မင်းသား Kyung Sung Hwan, Lee Sang Bo, Jung Seung Ho တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

    MyDramaList.com

    ဇာတ်လမ်းပုံစံက Eun Jo, Ha Ra နဲ့ Se Rin တို့ဟာ ငယ်ရွယ်ပြီးအပြစ်ကင်းစင်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ဖူးခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ သူတို့ရဲ့ဖြူစင်တဲ့ ခင်မင်ရင်းနှီးမှုတွေဟာ ပျောက်ကွယ်သွားခဲ့ရပါတယ်။ Ha Ra ဟာ Eun Jo ရဲ့ချစ်သူကိုမှ မက်မောခဲ့မိပြီး Se Rin ကတော့ Eun Jo ရဲ့ ထူးခြားတဲ့အရည်အချင်းတွေကို မနာလိုဖြစ်မိခဲ့တာ ဖြစ်ပါတယ်။

    AsianWiki.com

    နောက်ဆုံးမှာတော့ သူတို့ဟာ မှားယွင်းတဲ့လောဘဇောနဲ့ လိုချင်တပ်မက်မှုတွေကြောင့် Eun Jo အပေါ် မလုပ်သင့်တဲ့အပြစ်တွေကို ကျူးလွန်မိခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ချိန်က သေအတူရှင်မကွာ အကောင်းဆုံးသူငယ်ချင်းတွေလို့ ထင်မှတ်ခဲ့ဖူးတဲ့ အနီးဆုံးသူငယ်ချင်းတွေရဲ့ ရက်စက်စွာအကောက်ကြံခြင်းကိုခံခဲ့ရတဲ့ Eun Jo ဟာ သူတို့ကိုပြန်လည်လက်စားချေဖို့ အကြင်နာကင်းမဲ့တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် သူတို့ဆီကိုပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ သည်းထိတ်ရင်ဖို အချစ်ဒရာမာဇာတ်လမ်းတွဲ ‘မစ္စမွန်တီခရစ္စတို’ ကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် ဝင်ရောက်ကြည့်ရှုခံစားလိုက်ပါ။

  • မတူညီတဲ့ဘဝတွေကို ပိုင်ဆိုင်ထားကြတဲ့ အမြွှာနှစ်ယောက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရှုရမဲ့ ‘မင်းဘယ်သူလဲ: ကျောင်း ၂၀၁၅’

    မတူညီတဲ့ဘဝတွေကို ပိုင်ဆိုင်ထားကြတဲ့ အမြွှာနှစ်ယောက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရှုရမဲ့ ‘မင်းဘယ်သူလဲ: ကျောင်း ၂၀၁၅’

    Sekang အထက်တန်းကျောင်းဟာ ဆိုးလ်မြို့ ဂန်နမ်ရှိ အကျော်ကြားဆုံး ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းဖြစ်ပြီး Go Eun Byul ဟာ ဒီကျောင်းရဲ့ နာမည်အကြီးဆုံး မိန်းကလေးတစ်ဦးပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမနဲ့လုံးဝကိုရုပ်ချင်းဆင်တူတဲ့ သူမရဲ့အမြွှာဖြစ်သူ Lee Eun Bi ဟာ မိဘမဲ့ဂေဟာတစ်ခုတွင် နေထိုင်နေရသူဖြစ်ကာ သူမတက်ရောက်နေတဲ့ကျောင်းတွင် တခြားသူတွေရဲ့အနိုင်ကျင့်ခြင်းကို ခံနေရသူပါ။

    pinterest.com

    တစ်နေ့မှာတော့ Eun Byul ဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။ Eun Bi ဟာလည်း သူမရဲ့မှတ်ဉာဏ်တွေကို ဆုံးရှုံးလိုက်ရကာ သူမကို Eun Byul အဖြစ် မှားယွင်းစွာထင်သွားခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ Eun Bi တစ်ယောက် သူမရဲ့အမြွှာဖြစ်သူ Eun Byul အဖြစ် ဘဝကိုဆက်လက်ရှင်သန်ဖို့ ဖြစ်လာပါတော့တယ်။ Eun Byul က ဘာကြောင့်ရုတ်တရက် ပျောက်သွားခဲ့တာလဲ၊ Eun Bi ကရော Eun Byul အဖြစ် ကောင်းမွန်စွာနေထိုင်သွားနိုင်မှာလား၊ သူတို့အမြွှာနှစ်ယောက်ရဲ့ကြားမှာ ဘာတွေရှိနေခဲ့တာလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

    pinterest.com

    ‘မင်းဘယ်သူလဲ: ကျောင်း ၂၀၁၅’ ကိုရီးယားဇာတ်လမ်းတွဲလေးဟာ လျှို့ဝှက်ဆန်းကြယ် လူငယ်အချစ်ဒရာမာ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Baek Sang Hoon နဲ့ Kim Seong Yoon တို့က ရိုက်ကူးပုံဖော်ထားကာ မင်းသမီး Kim So Hyun, မင်းသား Nam Joo Hyuk နဲ့ Yook Sung Jae တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ အဆိုပါဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။

  • ချစ်သူတွေဆီကနေ သစ္စာဖောက်ခြင်းကိုခံရပြီးနောက် အချစ်ခရီးလမ်းသစ်ကို စတင်ကြသူနှစ်ဦးကြားက အချစ်ဟာသဇာတ်လမ်းလေး ‘ချစ်သော တို့ပြည်သူ’

    ချစ်သူတွေဆီကနေ သစ္စာဖောက်ခြင်းကိုခံရပြီးနောက် အချစ်ခရီးလမ်းသစ်ကို စတင်ကြသူနှစ်ဦးကြားက အချစ်ဟာသဇာတ်လမ်းလေး ‘ချစ်သော တို့ပြည်သူ’

    ‘ချစ်သော တို့ပြည်သူ’ မှုခင်းအချစ်ဟာသဇာတ်လမ်းတွဲတွင် မင်းသား Choi Si Won, မင်းသမီး Lee Yoo Young နဲ့ Kim Min Jung တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး Tae In Ho, Kim Eui Sung, Heo Jae Ho တို့က ပါဝင်အားဖြည့်ထားကြကာ ဒါရိုက်တာ Kim Jung Hyun က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

    Soompi.com

    ဇာတ်လမ်းပုံစံက လိမ္မာပါးနပ်လွန်းတဲ့ Yang Jung Kook တစ်ယောက် သူ့ရဲ့ချစ်သူမိန်းကလေးက သူတို့လက်ထပ်ဖို့စုထားခဲ့တဲ့ ငွေတွေနဲ့အတူ ပျောက်ဆုံးသွားခဲ့တာကြောင့် ကိုယ်ရေးကိုယ်တာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူ့ရဲ့အဖြစ်ကို စိတ်ပျက်လက်ပျက်ဖြစ်နေစဉ်မှာပဲ Yang Jung Kook ဟာ ချစ်သူကောင်လေးရဲ့ ဖောက်ပြန်ခြင်းကိုခံနေရတဲ့ Kim Mi Young နဲ့ တွေ့ဆုံဖို့ဖြစ်လာခဲ့တာပါ။

    pinterest.com

    သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ခက်ခဲရုန်းကန်မှုတွေကို အတူတူမျှဝေကြရင်း တဖြည်းဖြည်းချည်နှောင်မိခဲ့ကြပြီး အချစ်ရေးခရီးလမ်းသစ်တစ်ခု စတင်လာခဲ့ပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲနေ့မှာ Kim Mi Young က သူမဟာ စုံထောက်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ သူမရဲ့သရုပ်မှန်ကို ထုတ်ဖော်ပြသလိုက်တာပါ။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့အချစ်ရေးအခြေအနေတွေကို ရှုပ်ထွေးလာစေမဲ့ ဘယ်လိုအကြောင်းအရာတွေက ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ‘ချစ်သော တို့ပြည်သူ’ ဒရာမာဇာတ်လမ်းတွဲလေးကို အခုပဲ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ကိုယ်စီဘဝတွေကို ထုဆစ်ပုံဖော်ရင်း လှပစွာလျှောက်လှမ်းကြမဲ့ လူငယ်လေးဦးရဲ့ဇာတ်လမ်း ‘အခက်အခဲများကိုကျော်ကာ’

    ကိုယ်စီဘဝတွေကို ထုဆစ်ပုံဖော်ရင်း လှပစွာလျှောက်လှမ်းကြမဲ့ လူငယ်လေးဦးရဲ့ဇာတ်လမ်း ‘အခက်အခဲများကိုကျော်ကာ’

    ‘အခက်အခဲများကိုကျော်ကာ’ မိသားစုဒရာမာဇာတ်လမ်းတွဲကို ဇာတ်ညွှန်း Go Bong Hwang က ရေးသားထားပြီး ဒါရိုက်တာ Sung Joon Hae က ရိုက်ကူးထားကာ မင်းသမီး Na Hye Mi, Jung Min Ah, Do Ji Won, မင်းသား Choi Woong, Jung Heon, Kim Yoo Suk နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။

    MyDramaList.com

    ဒီဇာတ်လမ်းတွဲလေးဟာ လောကကြီးရဲ့ မျက်စိမှိတ်ဘက်လိုက်ခြင်းကိုတွန်းလှန်ရင်း အခက်အခဲတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ကျော်လွှားဖို့ကြိုးစားနေကြတဲ့ လူငယ်လေးယောက်ရဲ့အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ တက်သစ်စ ရာသီဥတုသတင်းကြေညာသူ Bo Ra, စိတ်အားထက်သန်တဲ့ delivery ကောင်လေး Dae Ro, မကြောက်မရွံ့ စာတွေရေးသားတတ်တဲ့ လူငယ် creator မလေး Ah Bi နဲ့ ဒေါသကြီးပေမဲ့ အရည်အချင်းရှိတဲ့ စီအီးအို Jun Soo တို့ပဲ ဖြစ်ပါတယ်။

    MyDramaList.com

    ခက်ခဲမှုတွေကိုကျော်လွှားရင်း သူတို့ဘဝကို အရှုံးမပေးဘဲ ကြိုးစားရှေ့ဆက်ကြမဲ့ လူငယ်လေးယောက်ရဲ့ နွေးထွေးတဲ့ဇာတ်လမ်းလေးကို ကြည့်ရှုရမှာဖြစ်ပါတယ်။ မိသားစုအချစ် ဒရာမာဇာတ်လမ်းတွဲလေး ‘အခက်အခဲများကိုကျော်ကာ’ ကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

  • ချစ်သူသရဲမတွေရဲ့ ခြောက်လှန့်မှုကိုခံနေရတဲ့ အကြောက်ကြီးသူလေးယောက်ရဲ့ ဟာသဇာတ်လမ်း ‘ကြောက် ကြောက် ကြောက် ၁’

    ချစ်သူသရဲမတွေရဲ့ ခြောက်လှန့်မှုကိုခံနေရတဲ့ အကြောက်ကြီးသူလေးယောက်ရဲ့ ဟာသဇာတ်လမ်း ‘ကြောက် ကြောက် ကြောက် ၁’

    ‘ကြောက် ကြောက် ကြောက် ၁’ မြန်မာရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ရာဇဝင်ကိုကရေးသားပြီး ဒါရိုက်တာသြရသက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွင် သရုပ်ဆောင်တွေအနေနဲ့ နေတိုး၊ ထွန်းထွန်း၊ မင်းသွေး၊ ကျော်ကျော်၊ ခင်ဝင့်ဝါ၊ နန်းမြတ်ဖြိုးသင်း၊ ပိုပို၊ နန်းခင်ဇေယျာနဲ့ တခြားသရုပ်ဆောင်တွေက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

    ဇာတ်လမ်းပုံစံက ဖိုးသံလုံးဟာ မိဘတွေပေးခဲ့တဲ့ ဖိုးအာလူးဆိုတဲ့နာမည်ကိုမကြိုက်လို့ ဖိုးသံလုံးဆိုတဲ့ နာမည်သစ်ကို ကိုယ့်ဘာသာပေးထားခဲ့တာ ဖြစ်ပါတယ်။ ရွာကလူတွေရဲ့အမြင်မှာ ဖိုးသံလုံးဟာ နာမည်နဲ့လိုက်အောင် သတ္တိကောင်းသူတစ်ယောက်လို့ထင်ကြပေမဲ့ တကယ်တမ်းမှာတော့ သူဟာ သရဲအရမ်းကြောက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ မင်းညိုဟာလည်း ဖိုးသံလုံးနဲ့ တစ်ရွာတည်းသူငယ်ချင်းတွေဖြစ်ကြပြီး တစ်ရွာသူနဲ့မေတ္တာမျှနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မူးလာရင်သွေးဆိုးတတ်တဲ့ မင်းညိုဟာ ဘာကိုမှမကြောက်ဘူးလို့ ကြွေးကြော်ထားပေမဲ့ ကလေးလေးတွေကတောင် သူ့ရဲ့သတ္တိကြောင်မှုကို သိကြတာဖြစ်ပါတယ်။

    Wikipedia.com

    သရဲကားတွေရိုက်ပြီး နာမည်ကြီးလာခဲ့တဲ့ ကျော်ကြားဟာ ရုပ်ရှင်တွေထဲမှာတော့ သရဲမကြောက်တတ်သူတစ်ယောက်အဖြစ် သရုပ်ချက်တွေပီပြင်လွန်းပေမဲ့ တကယ်တမ်းအပြင်မှာတော့ သရဲဆိုအရမ်းကြောက်တတ်သူ ဖြစ်ပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ ခေတ်မကောင်းတဲ့အချိန်မှာ မွေးဖွားလာခဲ့တာကြောင့် အတိတ်နိမိတ်ကောင်းအောင် ခေတ်ကောင်းလို့နာမည်ပေးခံခဲ့ရတဲ့ ခေတ်ကောင်းဟာ အစအနောက်သန်လွန်းသူတစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့မိန်းမဖြစ်သူနဲ့တောင် အဆင်မပြေတဲ့အထိ ဖြစ်နေရတာဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေတိုက်ဆိုင်မှုတွေကြောင့် သူတို့လေးယောက်ဆုံတွေ့ဖို့ ဖြစ်လာကြတဲ့အခါ သူတို့ဆီမှာ ဘာတွေဖြစ်လာကြမလဲ၊ ဖြစ်လာတဲ့အခြေအနေတွေကို သူတို့ဘယ်လိုမျိုး ရင်ဆိုင်သွားကြမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ‘ကြောက် ကြောက် ကြောက် ၁’ ရုပ်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ခံစားကြည့်ရှုနိုင်ပါတယ်။

  • အံ့ဖွယ်ရေမွှေးအစွမ်းကြောင့် ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ‘သင်းရနံ့’

    အံ့ဖွယ်ရေမွှေးအစွမ်းကြောင့် ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ‘သင်းရနံ့’

    ‘သင်းရနံ့’ ဇာတ်လမ်းတွဲဟာ ဇာတ်ညွှန်း Choi Hyun Ok ရေးသားပြီး ဒါရိုက်တာ Kim Sang Hwi က ရိုက်ကူးပုံဖော်ထားတဲ့ သဘာဝလွန် အချစ်ဟာသဒရာမာအမျိုးအစား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Shin Sung Rok, Go Won Hee, Ha Jae Sook, Cha Ye Ryun, Kim Min Gue, Kim Jin Kyung နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။

    Soompi.com

    ဇာတ်လမ်းပုံစံက Seo Yi Do ဟာ ထိပ်တန်းဒီဇိုင်နာတစ်ဦးဖြစ်ပြီး သူဟာ အပြင်ပန်းမှာ ပြီးပြည့်စုံတဲ့သူတစ်ယောက်လို့ ထင်ရပေမဲ့ သူ့ဆီမှာ phobias (တစ်စုံတစ်ခုကိုကြောက်ရွံ့တတ်ခြင်း) 52 ခုနဲ့ ဓာတ်မတည့်မှု 35 ခုခန့်ရှိနေတာ ဖြစ်ပါတယ်။ Min Jae Hee ကတော့ လူလတ်ပိုင်းအိမ်ရှင်မတစ်ဦးဖြစ်ပြီး သူမရဲ့မိသားစုပြိုကွဲမဲ့အရေးကို သူမမျက်စိနဲ့တပ်အပ်မြင်လိုက်ရတဲ့အချိန်မှာတော့ သူမကိုယ်သူမ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    youtube.com

    ဒါပေမဲ့ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် သူမရဲ့အစီအစဉ်ဟာ မအောင်မြင်ခဲ့ဘဲ သူမကိုပြန်လည်နုပျိုစေမဲ့ အံ့ဖွယ်ရေမွှေးတစ်မျိုးကို တွေ့ရှိခဲ့တာပါ။ ငယ်ရွယ်နုပျိုမှုကို တစ်ဖန်ပြန်လည်ရရှိလာပြီးနောက် သူမဟာ Seo Yi Do ရဲ့ဖက်ရှင်ရှိုးတွင် မော်ဒယ်အဖြစ်ပါဝင်ဖို့ဖြစ်လာခဲ့ပြီး ထိပ်တန်းမော်ဒယ်အေဂျင်စီတစ်ခုနဲ့ လက်မှတ်ရေးထိုးကာ ကျော်ကြားသူဖြစ်လာနိုင်တဲ့အခွင့်အရေးကို ရရှိခဲ့ပါတယ်။ နာမည်ကြီးဒီဇိုင်နာ Seo Yi Do နဲ့ Min Jae Hee တို့ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေမွှေးနဲ့အတူ သူတို့နှစ်ယောက်ကြားက ပတ်သက်မှုကို ဟာသဆန်ဆန်ကြည့်ရှုရမဲ့ ‘သင်းရနံ့’ ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

  • အံ့ဖွယ်ဖြစ်ရပ်တစ်ခုကြောင့် ခန္ဓာကိုယ်ချင်းလဲသွားကြသူနှစ်ဦးတို့ကြားက အချစ်ဇာတ်လမ်းလေး ‘ချစ်ဥယျာဉ်ထဲ တဝဲလည်လည်’

    အံ့ဖွယ်ဖြစ်ရပ်တစ်ခုကြောင့် ခန္ဓာကိုယ်ချင်းလဲသွားကြသူနှစ်ဦးတို့ကြားက အချစ်ဇာတ်လမ်းလေး ‘ချစ်ဥယျာဉ်ထဲ တဝဲလည်လည်’

    ‘ချစ်ဥယျာဉ်ထဲ တဝဲလည်လည်’ ကိုရီးယားဒရာမာဇာတ်လမ်းတွဲဟာ သူ့ရဲ့ပြီးပြည့်စုံတဲ့ပုံစံကို အမြဲတမ်းထိန်းသိမ်းထားတတ်တဲ့ မောက်မာပြီး အများနဲ့မတူတဲ့အကျင့်စရိုက်တွေကို ပိုင်ဆိုင်ထားသူ စီအီးအို Kim Joo Won နဲ့ ထိပ်တန်းမင်းသမီးတွေ မနာလိုဖြစ်ရလောက်တဲ့အထိ ချောမောလှပတဲ့ရုပ်ရည်နဲ့ အမိုက်စားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူ ဆင်းရဲနွမ်းပါးတဲ့ စတန့်မယ်လေး Gil Ra Im တို့ရဲ့ ဇာတ်လမ်းလေးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

    pinterest.com

    Joo Won ဟာ မင်းသမီး Park Chae Rin ကြောင့် Ra Im အပေါ် အမှားလုပ်မိခဲ့ရာကနေ မမျှော်လင့်တဲ့တွေ့ဆုံမှုတစ်ခု ဖြစ်လာခဲ့ပြီး သူတို့နှစ်ယောက်ကြား တင်းမာတဲ့ဆက်ဆံရေးကို အစပြုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ကြား ကိစ္စရပ်တွေကို ပိုမိုရှုပ်ထွေးသွားစေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့တာပါ။ ဒါကတော့ Joo Won နဲ့ Ra Im တို့ဟာ အံ့ဩစရာကောင်းလောက်အောင် ခန္ဓာကိုယ်ချင်း လဲသွားခဲ့ကြပြီး သူတို့ရဲ့ဘဝတွေကို ဟန်မပျက်ထိန်းထားနိုင်ဖို့ ကြိုးစားရပါတော့တယ်။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးနေခဲ့ကြပေမဲ့ မမျှော်လင့်ဘဲ ခန္ဓာကိုယ်ချင်းပြောင်းသွားခဲ့တဲ့အဖြစ်က သူတို့နှစ်ယောက်ကို နီးစပ်သွားစေခဲ့ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

    youtube.com

    ‘ချစ်ဥယျာဉ်ထဲ တဝဲလည်လည်’ သဘာဝလွန် အချစ်ဟာသဒရာမာကို ဇာတ်ညွှန်း Kim Eun Sook က ရေးသားထားပြီး ဒါရိုက်တာ Kwon Hyuk Chan, Shin Woo Cheol နဲ့ Kim Jung Hyun တို့က ရိုက်ကူးပုံဖော်ထားကာ မင်းသား Hyun Bin, Yoon Sang Hyun, မင်းသမီး Ha Ji Won, Kim Sa Rang နဲ့ အခြားသရုပ်ဆောင်တွေက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ‘ချစ်ဥယျာဉ်ထဲ တဝဲလည်လည်’ ဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ကြောက်မက်ဖွယ်အရိပ်တစ်ခုရဲ့နောက်ကွယ်က အမှန်တရားကိုရှာဖွေကြမဲ့ သူငယ်ချင်းတစ်စုရဲ့ဇာတ်လမ်း ‘အရိပ်အိပ်မက်’

    ကြောက်မက်ဖွယ်အရိပ်တစ်ခုရဲ့နောက်ကွယ်က အမှန်တရားကိုရှာဖွေကြမဲ့ သူငယ်ချင်းတစ်စုရဲ့ဇာတ်လမ်း ‘အရိပ်အိပ်မက်’

    ‘အရိပ်အိပ်မက်’ ထိုင်းဇာတ်လမ်းတွဲဟာ သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် သဘာဝလွန်အမျိုးအစားဖြစ်ပြီး Tung Panich Pongpanich က ရိုက်ကူးပုံဖော်ထားကာ Prachaya Ruangroj, Natouch Siripongthon, Uttsada Panichkul, Patchata Janngeon, Poon Mitpakdee, Shinaradee Anupongpichart နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။

    1999 ခုနှစ်တွင် Dan ဟာ ယောက်ျားလေးသီးသန့်တက်ရောက်ရတဲ့ Saint Lawrence သို့ ပြောင်းရွှေ့တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ဖခင်ဟာ ဦးနှောက်ကင်ဆာဖြင့် ဆေးရုံတွင်ကုသမှုခံယူနေရပြီး မိခင်ဖြစ်သူကတော့ သူ့အသက် 7 နှစ်အရွယ်ကတည်းက ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ Dan ဟာ ကျောင်းရဲ့ဌာနမှူးနဲ့ စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Brother Anurak နဲ့ ရင်းနှီးတာဖြစ်ကာ သူက Dan အိပ်စက်နေချိန်တွင် ခံစားနေရတဲ့ ဆိုးရွားမှုအခြေအနေကို ကုသဖို့ကြိုးစားပေးခဲ့တာ ဖြစ်ပါတယ်။

    IMDb.com

    Dan ဟာ သူ့ရဲ့အိပ်မက်တွေထဲမှာ ကြောက်မက်ဖွယ်အရိပ်တစ်ခုကို တွေ့မြင်ရတာဖြစ်ပြီး ဒါဟာ သူဒီကျောင်းကို ပြောင်းရွှေ့လာတဲ့အချိန်မှာ ပိုဆိုးရွားလာခဲ့ပါတယ်။ Anurak က Dan ရဲ့ အိပ်မက်ထဲက အဓိပ္ပါယ်ကိုရှာဖွေခဲ့ပြီး Dan တစ်ယောက် သူ့အဖေနဲ့ပတ်သက်တဲ့ ရှုပ်ထွေးမှုတွေကြောင့် ခုလိုမျိုးဖြစ်နေတယ်လို့ ထင်နေခဲ့ပါတယ်။

    MyDramaList.com

    Dan ဟာ ပထမဆုံးကျောင်းစတက်တဲ့နေ့မှာပဲ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ကျောင်းအနောက်ဘက်ရေကူးကန်တွင် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ စီနီယာ Trin ရဲ့ စာရေးခုံမှာမှ ရွေးချယ်ပြီးထိုင်မိခဲ့တာဖြစ်ပါတယ်။ ဒီခုံတွင် ဘယ်သူမှလည်းမထိုင်ရဲကြသလို ဘယ်သူကမှလည်း ဒါကိုမလွှင့်ပစ်ရဲကြပါဘူး။ အဲဒီနောက်မှာတော့ Dan ဟာ အတန်းဖော်သူငယ်ချင်း Nai, အခန်းဖော် Josh နဲ့ Saint Mary ကျောင်းမှ ကျောင်းပွဲအတွက်ဖျော်ဖြေဖို့ရောက်လာခဲ့တဲ့ Cha-aim တို့နဲ့ ခင်မင်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့လေးယောက် ရင်းနှီးခင်မင်လာတာနဲ့အမျှ Dan ကိုဒုက္ခပေးနေတဲ့ အရိပ်ကနေရှောင်ထွက်နိုင်ဖို့ ကူညီပေးကြရင်း Trin ရဲ့ ပျောက်ဆုံးခြင်းနဲ့ ဘယ်လိုမျိုးဆက်စပ်နေမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ‘အရိပ်အိပ်မက်’ ထိုင်းဇာတ်လမ်းတွဲလေးကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

  • အင်းလေးရဲ့ရိုးရာယဉ်ကျေးမှုနဲ့အတူ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုခံစားရမဲ့ ‘လရောင်ဖြာတဲ့အင်းလေးမှာ’

    အင်းလေးရဲ့ရိုးရာယဉ်ကျေးမှုနဲ့အတူ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုခံစားရမဲ့ ‘လရောင်ဖြာတဲ့အင်းလေးမှာ’

    ‘လရောင်ဖြာတဲ့အင်းလေးမှာ’ မြန်မာရုပ်ရှင်ဇာတ်ကားဟာ သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားကာ ဝါဝါဝင်းရွှေရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်တွေအဖြစ် နေတိုး၊ ဝတ်မှုန်ရွှေရည်၊ ဝါဇင်၊ ဆုမြတ်နိုးဦးနဲ့ အခြားသရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

    ဒီဇာတ်ကားတွင် မင်းသားနေတိုးက ဇာတ်ကောင် မင်းနောင်ရိုးအဖြစ် ပါဝင်ထားပြီး မင်းသမီး ဝတ်မှုန်ရွှေရည်ကတော့ ကြာညိုသွေးအဖြစ် ပါဝင်ထားကာ စိုင်းဝဏ္ဏအဖြစ် ဝါဇင်နဲ့ နန္ဒာအဖြစ် ဆုမြတ်နိုးဦးတို့က ပါဝင်ထားကြတာပဲ ဖြစ်ပါတယ်။

    viu.com

    ‘လရောင်ဖြာတဲ့အင်းလေးမှာ’ မြန်မာရုပ်ရှင်ဇာတ်ကားဟာ အင်းလေးသူ၊ အင်းလေးသားတို့ရဲ့ ဒေသရိုးရာလေးတွေကို တွေ့မြင်ရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက အဆိုတော်အရမ်းကိုဖြစ်ချင်နေတဲ့ အင်းလေးသူလေး ကြာညိုသွေးနဲ့ အင်းလေးဒေသကိုပြောင်းရွှေ့လာခဲ့တဲ့ နောင်ရိုးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို တွေ့မြင်ရမှာပါ။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့အတူ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေက နောက်ဆက်တွဲပါလာခဲ့တာပဲ ဖြစ်ပါတယ်။ ‘လရောင်ဖြာတဲ့အင်းလေးမှာ’ ဇာတ်ကားကို https://www.viu.com/ott/mm/mya တွင် ကြည်တောက်ရှင်းဖြင့် ကြည့်ရှုနိုင်ပါတယ်။

  • လူသားအသွင်ပြောင်းလဲနိုင်တဲ့ ထူးဆန်းတဲ့ကြောင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာမိန်းကလေးတို့ကြားက စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေး ‘ဆန်းကြယ်တဲ့အချစ်’

    လူသားအသွင်ပြောင်းလဲနိုင်တဲ့ ထူးဆန်းတဲ့ကြောင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာမိန်းကလေးတို့ကြားက စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေး ‘ဆန်းကြယ်တဲ့အချစ်’

    အသက်နှစ်ဆယ်ကျော် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Sol Ah ဟာ webtoon စာရေးဆရာတစ်ဦးဖြစ်လာရန်အတွက် အိပ်မက်တွေရှိနေခဲ့သူတစ်ယောက်ဖြစ်ပြီး သူမဟာ ကြောင်ချစ်တတ်သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူယဉ်လွန်းတဲ့ ကြောင်လေးတစ်ကောင်ကို အိမ်သို့ခေါ်လာမိတဲ့အခါမှာတော့ Sol Ah ရဲ့ဘဝမှာ မြန်ဆန်တဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။

    youtube.com

    သူမအိမ်ကိုခေါ်လာခဲ့တဲ့ Hong Jo အမည်ရှိတဲ့ ဒီကြောင်ဟာ သာမန်ကြောင်အိုကြီးတစ်ကောင်မဟုတ်ဘဲ ထူးဆန်းစွာ လူသားအသွင်ပြောင်းလဲနိုင်တာပဲ ဖြစ်ပါတယ်။ Hong Jo ဟာ Sol Ah ကို အရမ်းချစ်မြတ်နိုးပြီး သူ့ရဲ့လူသားအသွင်အပြင်ကို သူမ မသိအောင် ဖုံးကွယ်ဖို့ကြိုးစားလာတဲ့အချိန်မှာ နာကျင်မှုတွေကို ခံစားလာခဲ့ရတာပါ။ သူမအနားမှာနေဖို့ သူ ဘာမဆိုလုပ်တော့မှာဖြစ်ကာ Hong Jo တစ်ယောက် တကယ်ပဲ သူ့ရဲ့သရုပ်မှန်ကို Sol Ah မသိအောင် ဖုံးကွယ်ထားနိုင်ပါ့မလား၊ ဆက်ဆံရေးတွေ နက်ရှိုင်းလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

    pinterest.com

    စိတ်ကူးယဉ် အချစ်ဟာသဒရာမာ ‘ဆန်းကြယ်တဲ့အချစ်’ ဇာတ်လမ်းတွဲကို ဒါရိုက်တာ Ji Byung Hyun နဲ့ Goo Sung Joon တို့က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Kim Myung Soo, Shin Ye Eun, Seo Ji Hoon, Yoon Ye Joo, Kang Hoon, Ahn Nae Sang နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေး ‘ဆန်းကြယ်တဲ့အချစ်’ ကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။