Home

  • ယောက်ျားလေးသုံးယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း “Ossan’s Love”

    ယောက်ျားလေးသုံးယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း “Ossan’s Love”

    Ossan’s Love ဇာတ်လမ်းတွဲဟာ 2021 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ ဟောင်ကောင်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး HK Television Entertainment ကနေထုတ်လုပ်ထားကာ Viu ရဲ့ original series တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ 2018 ဂျပန်ဒရာမာကိုအခြေခံထားတဲ့ အမည်တူစီးရီးတစ်ခုဖြစ်ပြီး သူဌေးနဲ့ အခန်းဖော်တို့ကြား သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဖန်တီးမိတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

    viu.com

    Tin (Edan Lui) ဟာ သူ့ရဲ့ဘဝကို တစ်ကိုယ်တည်းအဖြစ် တစ်သက်လုံးဖြတ်သန်းလာခဲ့ပြီး ချစ်သူထားဖို့ မအောင်မြင်ခဲ့ပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့သူဌေး KK (Kenny Wong) ဟာ သူ့ရဲ့ဓာတ်ပုံတွေကို လျှို့ဝှက်သိမ်းဆည်းထားတာကို တွေ့လိုက်ရပြီး သူဌေးဖြစ်သူက သူ့ကိုချစ်နေကြောင်း သိလိုက်ရပါတယ်။

    KK ဟာ Tin နဲ့အတူရှိနိုင်ဖို့ အနှစ် 20 ပေါင်းသင်းလာခဲ့တဲ့ သူ့ရဲ့ဇနီး Francesca (Rachel Kan) ကို မကြာခင်ကွာရှင်းတော့မှာဖြစ်ကြောင်း Tin ကို ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် Tin ဟာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဖြစ်သူ Muk (Anson Lo) ကိုလည်း ချစ်မိနေကြောင်း သူ့သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်ပြောပြခဲ့တာပါ။

    viu.com

    ရှုပ်ထွေးလှတဲ့ အချစ်ရေးအခြေအနေကြားတွင် Tin တစ်ယောက် ငယ်သူငယ်ချင်း Tze-chin (Asha Cuthbert) ထံမှာ အကြံဉာဏ်ကိုရယူကာ သူ့ရဲ့ခံစားချက်တွေက KK အပေါ်တွင် လေးစားမှုသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Tin ဟာ ယောက်ျားတစ်ယောက်နဲ့ချိန်းတွေ့ဖို့ကို အရင်ကဘယ်တုန်းကမှ မတွေးခဲ့ဖူးပေမယ့် Muk ရဲ့ ဂရုစိုက်မှုနဲ့ နားလည်မှုတွေကြားမှာ တဖြည်းဖြည်းနဲ့ကျရှုံးပြီး ချစ်မိသွားခဲ့ပါတယ်။

    Ossan’s Love ဟောင်ကောင်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ပျော်ရွှင်ဖွယ်မိသားစုလေးရရှိဖို့က ကြိုးစားလျှင်ဖြစ်နိုင်ကြောင်း ပြသထားတဲ့ “Full Love”

    ပျော်ရွှင်ဖွယ်မိသားစုလေးရရှိဖို့က ကြိုးစားလျှင်ဖြစ်နိုင်ကြောင်း ပြသထားတဲ့ “Full Love”

    Yu Zhi Yuan နဲ့ Zhao Jia Ni တို့ဟာ သုံးနှစ်အရွယ် သားလေးတစ်ယောက်နဲ့အတူ အိမ်ထောင်သက်ငါးနှစ်ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ တစ်ပတ်ကိုငါးရက်လုံး အလုပ်တွေနဲ့ရှုပ်နေတတ်ကြပြီးတော့ သားလေးကို အဖွားဖြစ်သူနဲ့ ထားခဲ့တတ်ကြကာ ပိတ်ရက်တွေမှသာ သားလေးကိုအချိန်ပေးနိုင်ကြတဲ့ ပိတ်ရက်မိဘတွေ ဖြစ်ကြပါတယ်။

    pinterest.com

    ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့နှစ်ဦးဟာ သူတို့သားလေးနဲ့အတူရှိနေခြင်းရဲ့ အရေးပါမှုကို မြတ်နိုးတတ်လာပြီး ပိုမိုကောင်းမွန်တဲ့ မိသားစုလေးဖြစ်လာအောင် ကြိုးစားကြပါတော့တယ်။ Zhao Zhu Di နဲ့ Shao Jie တို့ဇနီးမောင်နှံကတော့ သမီးဖြစ်သူရဲ့ပညာရေးကို အဆုံးအရှုံးမခံနိုင်တဲ့ အတွေးအမြင်မျိုးရှိသူတွေဖြစ်ကြပြီး သူတို့သမီးလေးရဲ့ပညာရေးကို အခြားအရာအားလုံးထက် ဦးစားပေးတတ်ကြသူတွေ ဖြစ်ပါတယ်။ Full Love ဇာတ်လမ်းတွဲလေးဟာ ပျော်ရွှင်ဖွယ် မိသားစုလေးကို ပိုင်ဆိုင်နိုင်ဖို့ သူတို့ဘယ်လိုမျိုး ကြိုးစားကြမလဲဆိုတာကို မြင်တွေ့ရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

    youtube.com

    Full Love တရုတ်ဇာတ်လမ်းတွဲလေးဟာ အချစ်ဒရာမာအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Wang Wei က ရိုက်ကူးထားကာ မင်းသား Hawick Lau, Zhu Yong Teng, မင်းသမီး Alina Zhang နဲ့ Angel Wang တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

    အချစ်ဒရာမာ Full Love ဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။

  • သဘာဝလွန်စွမ်းအားပိုင်ရှင်နဲ့ သရုပ်ဆောင်မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်း “My Amazing Boyfriend”

    သဘာဝလွန်စွမ်းအားပိုင်ရှင်နဲ့ သရုပ်ဆောင်မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်း “My Amazing Boyfriend”

    My Amazing Boyfriend ဇာတ်လမ်းတွဲဟာ သဘာဝလွန်သိပ္ပံ အချစ်ဟာသ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Deng Ke က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသမီး Janice Wu, Shen Meng Chen, မင်းသား Kim Tae Hwan နဲ့ Fu Jia တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

    pinterest.com

    ဇာတ်လမ်းပုံစံက ရာစုနှစ်များစွာအိပ်ပျော်နေခဲ့တဲ့ Mutant Xue Ling Qiao ဟာ ကံမကောင်းတတ်တဲ့ သရုပ်ဆောင်မင်းသမီး Tian Jing Zhi ရဲ့ ကားမတော်တဆမှုတစ်ခုကြောင့် နိုးထလာခဲ့ပါတယ်။ Mutant Xue Ling Qiao ဆီမှာ လျှို့ဝှက်ဆန်းကြယ်တဲ့အတိတ်တွေ ရှိနေခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ သူဟာ Tian Jing Zhi ရဲ့အိမ်တွင် နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။

    youtube.com

    အပေါ်ယံမှာတော့ Tian Jing Zhi ဟာ Mutant Xue Ling Qiao ရဲ့စူပါပါဝါတွေကို ဂရုမစိုက်သလို ဟန်ဆောင်နေခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူမဟာ ဒါကိုဖယ်ရှားဖို့ ကြိုးစားနေခဲ့ပါတယ်။ မထင်မှတ်ပဲ တစ်ယောက်နဲ့တစ်ယောက် စိတ်ဒုက္ခပေးမှုတွေကြားတွင် သူတို့ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းနွေးထွေးလာခဲ့ပါတယ်။ အဲဒီကနေ ချစ်ခြင်းခံစားချက်တွေအဖြစ် ပြောင်းလဲလာခဲ့တာပါ။ သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ Mutant Xue Ling Qiao ဆီမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲ သူတို့နှစ်ယောက်ရဲ့ အခြေအနေကရော ဘယ်လိုမျိုးပြောင်းလဲလာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။

    My Amazing Boyfriend အချစ်ဟာသ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ကျောင်းသားဘဝကို ပြန်လည်လွမ်းဆွတ်မိစေမယ့် ဇာတ်လမ်းတွဲကောင်းလေး “Rush to the Dead Summer”

    ကျောင်းသားဘဝကို ပြန်လည်လွမ်းဆွတ်မိစေမယ့် ဇာတ်လမ်းတွဲကောင်းလေး “Rush to the Dead Summer”

    နွေဦးအမှတ်တရများ (Rush to the Dead Summer) ဇာတ်လမ်းတွဲဟာ ငယ်ရွယ်နုပျိုမှုတွေကို မြင်တွေ့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ခင်မင်ရင်းနှီးမှု၊ ကင်းကွာခြင်းနဲ့ ကိုယ်ပိုင်လမ်းကို လျှောက်လှမ်းရင်း လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ကြပုံကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    ဆင်းဆင်းရဲရဲကြီးပြင်းလာရပေမယ့် ကြိုးစားတတ်တဲ့ Li Xia ဟာ အလယ်တန်းကျောင်းအတွက် ပညာသင်ဆုရရှိခဲ့ပါတယ်။ အဲဒီကျောင်းမှာတော့ သူမဟာ Fu Xiao Si နဲ့ Lu Zhi Ang ဆိုတဲ့သူငယ်ချင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလူငယ်အုပ်စုလေးဟာ မြန်ဆန်စွာပဲ ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ကြတာပါ။

    pinterest.com

    ဘွဲ့ရပြီးသွားတဲ့နောက်မှာတော့ လူတိုင်းဟာ မတူညီတဲ့လမ်းတွေကို လျှောက်ဖို့ဖြစ်လာကြပါတယ်။ Xiao Si က လူသိများတဲ့အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး Li Xia က Xiao Si ရဲ့ လက်ထောက်ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်တွင်လည်း Qi Qi ဟာ သီချင်းဆိုပြိုင်ပွဲတွင် အနိုင်ရကာကျော်ကြားတဲ့ idol တစ်ဦးဖြစ်လာခဲ့ပြီး အဆိုတော်ဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် ဘေဂျင်းမြို့သို့ Yu Jian က ဦးဆောင်ခေါ်ဆောင်သွားခဲ့ပါတယ်။

    pinterest.com

    လူတိုင်းဟာ သူတို့ရဲ့အိပ်မက်တွေအတွက် တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။ ခက်ခဲတဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ Xiao Si, Li Xia ရဲ့ထွက်ခွါမှု၊ Zhi Ang ရဲ့ အကျဉ်းချခံရမှု၊ Qi Qi ရဲ့ သစ္စာဖောက်မှုနဲ့ Yu Jian ရဲ့ ချစ်သူကောင်လေးသေဆုံးမှုတွေက ပူနွေးတောက်ပတဲ့နွေရာသီကို အရောင်မှိန်ဖျော့သွားစေခဲ့ပါတယ်။ လူတိုင်းဟာ ပြောင်းလဲနေကြပြီး သူတို့ရဲ့ချစ်ခင်ရင်းနှီးမှုတွေကို သံသယဝင်စပြုလာကြတာပါ။ ဆယ်နှစ်တာကာလ အမှတ်တရတွေကလွဲပြီး ဘယ်အရာကမှ ထာဝရမတည်မြဲနိုင်ဘူးဆိုတာကို သိရှိခဲ့ကြပြီး သူတို့ဟာတဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့ကြပါတယ်။

    နွေဦးအမှတ်တရများ (Rush to the Dead Summer) ဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Cheney Chen, Bai Jing Ting, မင်းသမီး Zheng Shuang, Chai Bi Yun, Xia Zi Tong နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ လူငယ်အချစ်ဒရာမာ နွေဦးအမှတ်တရများ (Rush to the Dead Summer) ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • အယူသီးမှုတွေရှိနေတဲ့ ရွာလေးတစ်ရွာက မယ်တော်အယောင်ဆောင်လူလိမ်မတစ်ယောက်ရဲ့ဇာတ်လမ်း “Devanshi”

    အယူသီးမှုတွေရှိနေတဲ့ ရွာလေးတစ်ရွာက မယ်တော်အယောင်ဆောင်လူလိမ်မတစ်ယောက်ရဲ့ဇာတ်လမ်း “Devanshi”

    မျက်ဖြေကလဲ့စား (Devanshi) ဟာ အိန္ဒိယ ဟင်ဒီဒရာမာ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Full House Media မှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

    2016 ခုနှစ်တွင် စတင်ထုတ်လွှင့်ပြသခဲ့တဲ့ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Anshoo Shyam က ရိုက်ကူးထားပြီး မင်းသမီး Helly Shah, Karuna Pandey, မင်းသား Piyush Sahdev, Mudit Nayar နဲ့ Aamir Dalvi တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

    pinterest.com

    မျက်ဖြေကလဲ့စား ဇာတ်လမ်းတွဲဟာ အယူသီးမှုနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကို အဓိကရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မယ်တော်ရဲ့ကောင်းချီးကိုရထားတဲ့ Devanshi အမည်ရှိ ကလေးတစ်ဦးရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Devanshi ရဲ့ ကလေးဘဝဟာ သူ့ပတ်ဝန်းကျင်မှလူတွေရဲ့ အယူသီးမှုတွေ၊ ယုံကြည်မှုတွေကြောင့် ပျက်စီးခဲ့ရပါတယ်။ သူ့ရဲ့ရွာမှာလည်း မယ်တော်အဖြစ် အားလုံးက ဝိုင်းကိုးကွယ်ကြတဲ့ လူလိမ်မကြီးတစ်ယောက်ရှိနေတာဖြစ်ကာ Devanshi ပေါ်လာပြီးနောက် ရွာသားအားလုံးက Devanshi အပေါ် ဝိုင်းယုံကြည်လာတဲ့အခါမှာတော့ အဲဒီလူလိမ်မကြီးဟာ အကြံဉာဏ်မျိုးစုံထုတ်သုံးပါတော့တယ်။

    youtube.com

    Devanshi တစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာရော ဒီအယူသီးမှုတွေ၊ ယုံကြည်မှုတွေကြောင့် ဘယ်လိုဆိုးရွားတဲ့ပြဿနာရပ်တွေကို ရင်ဆိုင်ပြီး သူမရဲ့ဘဝရှင်သန်ဖို့အတွက် ကြိုးစားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မျက်ဖြေကလဲ့စား (Devanshi) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • အလုပ်နဲ့ အချစ်ရေးကြားက အခက်အခဲတွေကိုရင်ဆိုင်ရမယ့် မိန်းကလေးတစ်ဦးရဲ့ဇာတ်လမ်း “Tea Love”

    အလုပ်နဲ့ အချစ်ရေးကြားက အခက်အခဲတွေကိုရင်ဆိုင်ရမယ့် မိန်းကလေးတစ်ဦးရဲ့ဇာတ်လမ်း “Tea Love”

    အချစ်များဖြင့် ဖျော်စပ်သော (Tea Love) တရုတ်ဇာတ်လမ်းတွဲဟာ အချစ်ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Yu Chung Chung နဲ့ Chen Chang တို့က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသား Peer Zhu, Dai Xiang Yu, မင်းသမီး Wang Di, Pan Zhi Lin နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

    pinterest.com

    ဇာတ်လမ်းပုံစံက အမျိုးသမီးငယ်လေး Du Xin Yu ဟာ လက်ဖက်ရည်အနုပညာကို နှစ်သက်ပေမယ့် သူမဖခင်ရဲ့ ကြေကွဲဖွယ်သေဆုံးမှုကြောင့် ကြီးပြင်းလာရချိန်မှာတော့ လက်ဖက်ရည်ကို ဘယ်တော့မှထိတွေ့ခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် tea master Afei ရဲ့ရှိုးကိုကြည့်ပြီးနောက် Xin Yu ရဲ့ လက်ဖက်ရည်အနုပညာကို နှစ်သက်မှုပြန်လည်ရရှိလာခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ Xin Yu ဟာ Afei ရဲ့တပည့်ဖြစ်လာဖို့ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန်အတွက် Zhuo Qing Garden ထဲသို့ ခိုးဝင်ခဲ့ပါတယ်။ Xin Yu ဟာ သူမရဲ့အရည်အချင်းကို သက်သေပြဖို့ ကြိုးကြိုးစားစားလုပ်ဆောင်ရင်း tea garden ဥက္ကဋ္ဌရဲ့ အကြီးဆုံးသားဖြစ်သူ Tang Zeng Hao နဲ့ ချစ်မိသွားခဲ့ကြပါတယ်။

    pinterest.com

    Zheng Hao ရဲ့ ဖအေတူမအေကွဲညီဖြစ်သူ Cheng Feng ဟာလည်း Xin Yu အပေါ် ချစ်မိနေတာကြောင့် ညီအစ်ကိုတွေရဲ့ တင်းမာတဲ့ဆက်ဆံရေးဟာ ပိုပြီးဆိုးရွားလာခဲ့ပါတယ်။ Di Yi Rou ကတော့ Zeng Hao ကို တစ်ဖက်သတ်ချစ်နေရသူဖြစ်ပြီး သူမရဲ့အချစ်ကို Xin Yu လုယူသွားတဲ့အခါမှာတော့ သူမက Xin Yu ကျရှုံးရန်ဘာမဆို ပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

    အတားအဆီးအခက်အခဲတွေကြားတွင် Xin Yu ဟာ တရုတ်နိုင်ငံရဲ့ပထမဆုံးသော အမျိုးသမီး လက်ဖက်ရည်အကဲဖြတ်သုံးသပ်သူ ဖြစ်လာခဲ့ပေမယ့် သူမရဲ့အနံ့ခံအာရုံကို ဆုံးရှုံးသွားခဲ့ပါတယ်။ နောက်ပြီး ထင်မှတ်မထားတဲ့ မိသားစုပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့ကာ ဒီပြဿနာက Xin Yu နဲ့ Zheng Hao တို့ကို မပေါင်းဖက်နိုင်တော့အောင် တားဆီးနေခဲ့တာပါ။ Xin Yu ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ သူမရဲ့အချစ်ရေးအခြေအနေတွေက ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

    အချစ်များဖြင့် ဖျော်စပ်သော (Tea Love) အချစ်ဒရာမာ တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် မြန်မာစာတန်းထိုးဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • စက်ရုပ်နဲ့လူသားကြားက ရှုပ်ထွေးတဲ့အချစ်ရေးဇာတ်လမ်း “My Girlfriend’s Boyfriend”

    စက်ရုပ်နဲ့လူသားကြားက ရှုပ်ထွေးတဲ့အချစ်ရေးဇာတ်လမ်း “My Girlfriend’s Boyfriend”

    My Girlfriend’s Boyfriend သိပ္ပံအချစ် ဟာသဇာတ်လမ်းတွဲကို ဇာတ်ညွှန်းဆရာ Nan Zhen က ရေးသားထားပြီး ဒါရိုက်တာ Deng Ke က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Bai Shu, Li Chuan နဲ့ မင်းသမီး Elvira Cai တို့က အဓိကပါဝင်ထားကြပြီး Liang Jie, Chen Jin Yun, Shen Chi, Yu Xin He, Deng Ke, Liang Hao နဲ့ He Rou Xi တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။

    youtube.com

    ဇာတ်လမ်းပုံစံက A Zhai ဟာ ကျောင်းတွင်အလှဆုံး မိန်းကလေးဖြစ်တဲ့ Pei Ni ကို စွဲစွဲလမ်းလမ်းချစ်မိနေတဲ့ သာမန် နည်းပညာစွဲလမ်းသူတစ်ယောက်ဖြစ်ပြီး သူဟာ ဘာမဆိုလုပ်ရဲတဲ့ သတ္တိနဲ့ လူမှုရေးကျွမ်းကျင်မှု အားနည်းသူတစ်ယောက် ဖြစ်ပါတယ်။  

    youtube.com

    သူဟာ အနာဂတ်တွင် စက်ရုပ်အဖော်ကို ဖန်တီးနိုင်တဲ့ နည်းပညာကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ A Zhai ဟာ Pei Ni ရဲ့စံပြချစ်သူပုံစံ စက်ရုပ်တစ်ရုပ်ကို ပရိုဂရမ်ဆွဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အခြေအနေတွေက ပိုမိုရှုပ်ထွေးလာခဲ့ပြီး A Zhai က Pei Ni ကို စိတ်မဝင်စားဘဲ သူဖန်တီးထားတဲ့ စက်ရုပ်ကိုသာ ပိုသဘောကျနေခဲ့တာပါ။ A Zhai တစ်ယောက် စက်ရုပ်နဲ့ သူချစ်နေရတဲ့ ကောင်မလေးကြား ဘယ်လိုအခြေအနေမျိုးနဲ့ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

    My Girlfriend’s Boyfriend သိပ္ပံအချစ် ဟာသဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

  • အချစ်ပြိုင်ဘက်နှစ်ယောက်ရဲ့ သားစဉ်မြေးဆက်အထိပါသွားမယ့် အမုန်းတရားဇာတ်လမ်း “The War of Flowers”

    အချစ်ပြိုင်ဘက်နှစ်ယောက်ရဲ့ သားစဉ်မြေးဆက်အထိပါသွားမယ့် အမုန်းတရားဇာတ်လမ်း “The War of Flowers”

    အချစ်ပြိုင်ဘက်နှစ်ယောက်ကြားက မုန်းတီးနာကြည်းမှုတွေက သူတို့ရဲ့သားစဉ်မြေးဆက်တွေအထိကို ဆက်သွားခဲ့ပြီး စစ်ပွဲတစ်ခုအဖြစ် ကြီးထွားလာခဲ့ပါတယ်။ Onnapa ဟာ နိုင်ငံအတွင်း အကြီးဆုံးပန်းလုပ်ငန်းကို ပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးတစ်ဦးရဲ့ အငယ်အနှောင်းတစ်ဦးပါ။ သူမဟာ ခင်ပွန်းဖြစ်သူရဲ့ တရားဝင်ဇနီး Kannika ရဲ့ ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးကို နှစ်ပေါင်းများစွာခံခဲ့ရပါတယ်။ ခင်ပွန်းဆုံးပါးသွားတဲ့အခါမှာတော့ တရားဝင်ဇနီး Kannika က Onnapa နဲ့ သူမရဲ့သမီး Ornsalao တို့ကို အိမ်မှနှင်ထုတ်လိုက်ပါတယ်။

    youtube.com

    ဆယ်စုနှစ်များစွာ ကျော်လွန်သွားခဲ့ပေမယ့် Onnapa က‌တော့ သူမခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေအတွက် အငြိုးအတေးဒေါသတွေ မပြေလျော့နိုင်ခဲ့ပါဘူး။ သူတို့ရဲ့မကျေအေးနိုင်တဲ့ ရန်ငြိုးတွေကနေ Onnapa ရဲ့သမီး Ornsalao နဲ့ Kannika ရဲ့သမီးဖြစ်သူ Thantawan တို့ဟာလည်း ရန်သူတွေဖြစ်လာခဲ့ကြပါတယ်။

    Thantawan ဟာ သူမရဲ့ခင်ပွန်းဟောင်း Cheewin နဲ့အတူ စီးပွါးရေးတွင်အောင်မြင်နေသူဖြစ်ပေမယ့် သူမဟာ အချစ်ရေးတွင်တော့ ကံမကောင်းသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့လက်ရှိခင်ပွန်း Warnut က လောင်းကစားသမားတစ်ယောက်ဖြစ်ပြီး ပိုက်ဆံအမြဲလိုနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ပြီး Thantawan ဟာ သူမနဲ့အသက်အရမ်းကွာတဲ့ Worakorn နဲ့ပတ်သက်နေပြီး သူဟာ Ornsalao ရဲ့သားဆိုတာကိုတော့ သူမ မသိခဲ့ပါဘူး။

    youtube.com

    အဘိုးအဘွားတွေကနေ စတင်ခဲ့တဲ့ ရန်ငြိုးတွေဟာ မြေးမြစ်တွေအထိကို ဆက်သွားစေခဲ့ပြီး လှည့်စားမှု၊ သစ္စာဖောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းက ဘယ်လိုမျိုးအဆုံးသတ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

    အမုန်းပန်းရဲ့ ရာဇဝင် (The War of Flowers) ထိုင်းဇာတ်လမ်းတွဲတွင် မင်းသမီး Lukkade Metinee Kingpayome, Sonia Couling, Aye Sarunchana Apisamaimongkol, June Wanwimol Jaenasavamethee, Duangdao Jarujinda, Tuk Deuntem Salitul မင်းသား Krist Perawat Sangpotirat, Gun Atthaphan Phunsawat, Fiat Patchata Janngeon နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်ထားကြပါတယ်။ အမုန်းပန်းရဲ့ ရာဇဝင် (The War of Flowers) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

  • အောင်မြင်တဲ့အချစ်ရေးကိုရရှိဖို့အတွက် သတ်မှတ်ချက်တွေကို လေ့လာရမယ့် “Lovesignal”

    အောင်မြင်တဲ့အချစ်ရေးကိုရရှိဖို့အတွက် သတ်မှတ်ချက်တွေကို လေ့လာရမယ့် “Lovesignal”

    Lovesignal ဇာတ်လမ်းတွဲဟာ Viu တွင် 2022 ခုနှစ် October 7 ရက်နေ့က စတင်ထုတ်လွှင့်ပြသခဲ့တဲ့ တရုတ်ဒရာမာ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက တစ်အိမ်ထဲတွင်အတူနေထိုင်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သူတို့ရဲ့ဆက်ဆံရေးအခြေအနေတွေနဲ့ သူတို့နေ့စဉ်ဘဝ အကြောင်းအရာလေးတွေကို အတူဝေမျှခံစားရင်း ဘဝကိုဖြတ်သန်းနေကြတဲ့ ပုံစံလေးကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

    viu.com

    သူတို့နှစ်ယောက်ဟာ အောင်မြင်တဲ့ဆက်ဆံရေးအတွက် အချစ်နဲ့ပတ်သက်တဲ့ အချက်ဆယ်ချက်ရှိရမယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ သင်ဟာချစ်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့ love signal ဆယ်ချက်ကို သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးကို ဟာသပုံစံဖြင့် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။

    အချစ်ဟာသလူငယ်ဇာတ်လမ်းလေး Lovesignal တွင် မင်းသမီး Lam Ting က ဇာတ်ကောင် Ling အဖြစ်ပါဝင်ထားပြီး မင်းသား ANSONBEAN ကိုတော့ ဇာတ်ကောင် Jason အဖြစ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ Lovesignal တရုတ်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ခိုက်မယ့် စုံထောက်နှစ်ဦးရဲ့ဇာတ်လမ်း “The Bridge”

    ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ခိုက်မယ့် စုံထောက်နှစ်ဦးရဲ့ဇာတ်လမ်း “The Bridge”

    The Bridge ဟာ မလေးရှား-စင်္ကာပူ မှုခင်းဒရာမာရုပ်သံစီးရီးဖြစ်ပြီး မင်းသမီး Rebecca Lim နဲ့ မင်းသား Bront Palarae တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Lee Thean-jeen က ရိုက်ကူးထားကာ Hans Rosenfeldt Måns Mårlind ရေးသားတဲ့ Broen/Bron တီဗီစီးရီးကို ပြန်လည်အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။  

    viu.com

    ဒီဇာတ်လမ်းတွဲဟာ မလေးရှားနဲ့ စင်္ကာပူနယ်စပ်တွင် ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာပေါ်တွင် အခြေတည်ထားပါတယ်။ နယ်စပ်တံတားပေါ်တွင် အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ရာက မလေးရှားဘက်မှ စုံစမ်းစစ်ဆေးသူ စုံထောက် Megat Jamil နဲ့ စင်္ကာပူနိုင်ငံသား စုံထောက် Serena Tao တို့ဟာ ဒီအမှုကို ဖော်ထုတ်ဖို့ ကြိုးစားကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

    viu.com

    သူတို့နှစ်ယောက်ရဲ့ ထူးချွန်ပြောင်မြောက်ပြီး အလုပ်အပေါ် ကျွမ်းကျင်ပိုင်နိုင်မှု၊ ကောင်းမွန်စွာ ပြင်ဆင်မှုတွေနဲ့ တရားမျှတမှုတွေအတွက် အတူတကွ စုံစမ်းစစ်ဆေးကြပုံကို ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်းသည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းတွဲကောင်း တစ်ခုဖြစ်ပါတယ်။

    The Bridge သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။