အမျိုးသမီးတွေအနေနဲ့ menstruation လာတဲ့အချိန်မျိုးမှာ စိတ်အပြောင်းအလဲတွေ ဖြစ်တတ်ကြပြီး စိတ်တိုလွယ်တာ၊ ဒေါသထွက်လွယ်တာ၊ အလိုမကျတာနဲ့ ကိုက်ခဲနာကျင်မှုတွေကို ခံစားကြရပါတယ်။ ဒီကာလမှာ ဒီလိုပြဿနာလေးတွေကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အစားအစာလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
ပန်းဂေါ်ဖီစိမ်း

Broccoli တွေဟာ စားပေးသင့်တဲ့ အစားအစာထဲမှာပါဝင်နေပြီး iron ဓာတ်ပါဝင်နေတဲ့အတွက် ဓမ္မတာသွေးများခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ fiber, magnesium, potassium စတဲ့ဓာတ်တွေပါဝင်နေလို့ လေပွခြင်း၊ အစာခြေစနစ်တွေကို ကောင်းမွန်စေပြီး ဓမ္မတာကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။
ငှက်ပျောသီး

ငှက်ပျောသီးဟာ period ကာလမှာ စားပေးဖို့အကောင်းဆုံးသော အစားအစာပဲဖြစ်ပါတယ်။ ငှက်ပျောသီးမှာ potassium, magnesium, fiber ဓာတ်တွေပြည့်ဝစွာပါဝင်နေတာကြောင့် ဗိုက်ပုံမှန်ဖြစ်အောင် ထိန်းပေးပြီး နာကျင်ကိုက်ခဲမှုတွေကို လျော့နည်းစေပါတယ်။
Dark chocolate

Dark chocolate မှာလည်း ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေတဲ့ iron, magnesium, antioxidants, flavanols တို့ပါဝင်နေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်ကာ၊ သွေးကြောတွေကို relax ဖြစ်စေပါတယ်။ နောက်ပြီး ဓမ္မတာကာလအတွင်းမှာ ဖြစ်တတ်တဲ့ စိတ်ရှုပ်ထွေးမှုတွေကို သက်သာပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။
ဂျင်း

ဂျင်းဟာ နာကျင်ကိုက်ခဲတာတွေကို ကောင်းမွန်စေတဲ့ အရာတစ်ခုဖြစ်ပြီး menstrual pain ကို သက်သာစေနိုင်ပါတယ်။ ဓမ္မတာကာလအတွင်း ဖြစ်တတ်တဲ့ ကျောအောင့်တာ၊ ဗိုက်အောင့်တာတွေကို သက်သာစေဖို့ ရေနွေးထဲမှာ ဂျင်းအနည်းငယ်ထည့်ပြီး သောက်တာက တကယ့်ကို ထိရောက်ပါတယ်နော်။
By Khin