Monday, December 11, 2023
HomeLIFEကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုကိုရှာဖွေဖို့ ကိုယ်တိုင် လိုက်နာသင့်တဲ့ အချက်လေးတွေ

ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုကိုရှာဖွေဖို့ ကိုယ်တိုင် လိုက်နာသင့်တဲ့ အချက်လေးတွေ

ဘဝမှာ မပျော်ရွင်ချင်တဲ့ သူရယ်လို့ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေရဲ့ ဘဝက ရှင်သန်နေပေမယ့် ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတတ်ကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့ဘဝကို ဘယ်လိုပုံစံမျိုး ဖြတ်သန်းနေလဲဆိုတဲ့ အချက်နဲ့ အရမ်းကို သက်ဆိုင်နေပါတယ်နော်။ တကယ်လို့ ပျော်ရွှင်မှုတွေသာ ရှိမနေခဲ့ရင် အသက်ရှင်သန်ရတာကလည်း အဓိပ္ပါယ်တွေ တဖြည်းဖြည်းမဲ့လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့ ဒီအချက်လေးတွေကို လိုက်နာကြည့်ပါ။

 ရိုးရှင်းစွာ ဖြတ်သန်းပါ

photo of woman looking at the mirror
Photo by Andrea Piacquadio on Pexels.com

ဘဝရဲ့ ပျော်ရွှင်မှုကို လိုချင်ရင်တော့ ကိုယ့်ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းတတ်ဖို့ လိုပါတယ်။ ဆိုလိုချင်တာက ကိုယ်မပိုင်ဆိုင်ရသေးတဲ့ အရာတွေအတွက် တွေးပူမနေပဲ ကိုယ့်ဘဝရဲ့လက်ရှိအခြေအနေလေးမှာပဲ နေထိုင်ကြည့်ပါ။ တစ်ချိန်လုံး ဖြစ်မလာသေးတာတွေအတွက် ပူလောင်နေမယ့်အစား အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းတတ်ဖို့ လိုပါတယ်။ ဒီလိုဖြတ်သန်းတတ်လာတဲ့အခါ ဘဝမှာ အပူအပင်တွေနည်းပြီး ပျော်ရွှင်တတ်လာမှာ ဖြစ်ပါတယ်။

မိသားစု၊ သူငယ်ချင်းတွေကို ချစ်ခင်ပါ

people looking at laptop
Photo by Fox on Pexels.com

ကိုယ့်လက်ကိုဆုပ်ကိုင်ထားမယ့် တစ်စုံတစ်ယောက်မရှိသေးရင်တောင် ကိုယ့်ဘေးနားမှာ အမြဲတမ်းရှိနေပေးတဲ့ မိသားစု၊ သူငယ်ချင်းတွေရဲ့ ချစ်ခြင်းတွေကို မြင်အောင်ခံစားကြည့်ပါ။ နောက်ပြီး သူတို့ကို ကိုယ့်ရဲ့အချစ်တွေနဲ့ နွေးထွေးမှုတွေကို ပေးပါ။ ဒီချစ်ခြင်းတွေကြောင့် သင့်ရဲ့ဘဝမှာ ရှင်သန်ရတာ ပိုအဓိပ္ပါယ်ရှိလာစေမှာပဲ ဖြစ်ပါတယ်။

ကိုယ့်အပေါ် ကောင်းတဲ့သူတွေကို ပြန်ကောင်းပေးပါ

ကိုယ့်အပေါ် ကောင်းခဲ့တဲ့သူတွေ၊ ကူညီပေးခဲ့ဖူးတဲ့ ကျေးဇူးတွေကို လွယ်လွယ်မမေ့ပစ်လိုက်ပါနဲ့။ အခါအခွင့်သင့်ရင် ကိုယ်လည်း သူတို့တွေကို ပြန်ကူညီပေးပါ။ နောက်ပြီး စိတ်ထားကောင်းလေးနဲ့ ကြင်နာတတ်တဲ့ ကိုယ်ချင်းစာတတ်တဲ့ စိတ်ကိုမွေးကြည့်ပါ။ ဒါက သင့်ဘဝမှာ ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးနိုင်ပါတယ်။

ကိုယ့်အတွက် အချိန်ပေးပါ

woman surrounded by sunflowers
Photo by Andre Furtado on Pexels.com

တစ်ချိန်လုံး သူများတွေအတွက်ပဲ ရှင်သန်နေမိတာ၊ အလုပ်တွေလုပ်ရင်း အချိန်တွေကုန်နေတာမျိုးမဟုတ်ပဲ ကိုယ့်အတွက် သီးသန့်အချိန်လေးပေးပြီး ကိုယ်ကိုယ်တိုင်အတွက် ရှင်သန်ကြည့်ပါ။ တစ်ခါတစ်လေ ကိုယ်ဝါသနာပါရာလေးတွေ လုပ်ကြည့်ပြီး၊ တစ်ခါတစ်လေ ကိုယ်စိတ်ပျော်မယ့် အရာလေးတွေလုပ်ဖို့ အချိန်ပေးပါ။ ဒါမှ ဘဝက ပိုပျော်ရွှင်စရာကောင်းလာမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ချစ်ခင်လေးစားမှု ထားပါ

portrait of young woman
Photo by Pixabay on Pexels.com

လူတွေအပေါ် လေးစားချစ်ခင်ပေးသလိုပဲ ကိုယ်ကိုယ်တိုင်အတွက် ချစ်ခင်လေးစားတတ်မှုလေး ထားပေးပါ။ ကိုယ့်ရဲ့တန်ဖိုးကို မသိတာမျိုး၊ ကိုယ့်ကိုယ်ကို ဖြစ်သလိုဆက်ဆံတာမျိုး မလုပ်ပါနဲ့။ ဘဝမှာ ပျော်ရွှင်ဖို့ဆိုရင် ကိုယ်ကသာ အဓိကဖြစ်လို့ ကိုယ့်ကိုယ်ကိုလည်း ချစ်ပေးဖို့လိုအပ်ပါတယ်။ ဒါတွေက သင့်ရဲ့ဘဝကို ပိုပျော်ရွှင်အောင် ဖန်တီးပေးမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d