Monday, December 11, 2023
HomeBEAUTYBeer ကို အလှအပရေးရာဆိုင်ရာတွေအတွက် အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ

Beer ကို အလှအပရေးရာဆိုင်ရာတွေအတွက် အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ

ဘီယာကို သောက်ရုံသာမက အလှအပရေးရာကိစ္စတော်တော်များများလည်း အသုံးပြုလို့ရတယ်ဆိုတာကို လူတွေ သိထားကြပါတယ်။ ဒီနည်းလမ်းလေးတွေက လူတိုင်းမသိသေးတဲ့ နည်းတွေဖြစ်ပြီး ခေါင်းအစခြေအဆုံး အသုံးဝင်စေတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ဆံပင်တွေ ကြီးထွားဖု့ိ အားဖြည့်ပေးတယ်

woman wearing white long sleeved shirt
Photo by Element5 Digital on Pexels.com

ဘီယာမှာ vitamin B နဲ့ silicon တွေပါဝင်နေတဲ့အတွက် ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပြီး မြန်မြန်ကြီးထွားလာစေပါတယ်။ ဘီယာတစ်ဖန်ခွက်ကို ဆံပင်တွေပေါ်လောင်းချပြီး ဦးရေပြားကို နှိပ်နှယ်ကာ ငါးမိနစ်ခန့်ထားပြီး ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ ဆံပင်တွေကို တောက်ပြောင်သန်စွမ်းလာစေမှာပါနော်။

အသားအရေ ကောင်းမွန်စေတယ်

woman s face
Photo by Shiny Diamond on Pexels.com

ဘီယာမှာ antioxidants ဓာတ်ပါဝင်နေလို့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။ ပျက်စီးနေတဲ့အသားအရေတွေကို ပြုပြင်ပေးပြီး အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။ ဘီယာ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ကြက်ဥအကာ၊ ဗာဒံဆီ သုံးစက် ထည့်ပြီးရောနှောလိုက်ပါ။ ရလာတဲ့ အရောအနှောကို သန့်စင်တဲ့ မျက်နှာပေါ်လိမ်းပြီး ဆယ်မိနစ်ထားပြီး ပုံမှန်အတိုင်း မျက်နှာသစ်ပေးခြင်းက အသားအရေကို တင်းရင်းချောမွေ့စေမှာ ဖြစ်ပါတယ်။

ပင်ပန်းနေတဲ့ ခြေထောက်တွေအတွက်

crop woman with laptop and coffee in bed at home
Photo by Ketut Subiyanto on Pexels.com

ဘီယာအေးအေးထဲမှာ ခြေထောက်ကို မိနစ်အနည်းငယ်စိမ်ပေးခြင်းက ညောင်းညာနေတဲ့ ခြေထောက်တွေကို သက်သာစေပြီး ပင်ပန်းမှုတွေ ပြေပျောက်စေနိုင်ပါတယ်။

ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်

woman looking in mirror applying face mask
Photo by ROMAN ODINTSOV on Pexels.com

ဘီယာဟာ အသားအရေပေါ်က ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ရလဒ်ကတော့ အသားအရေကို ပိုကြည်လင်တောက်ပလာစေမှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီသီး လက်တစ်ဆုပ်စာကို ဘီယာ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ရောနှောပြီး သေချာကြိတ်ခြေရောနှောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးခြင်းက ဆဲလ်သေတွေကို ဖယ်ရှားပြီး ဆဲလ်အသစ်တွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d