Introverts လေးတွေဟာ ပေါင်းသင်းဆက်ဆံရေးညံ့တယ်လို့ ဆိုကြတဲ့အတွက် မကောင်းဘူးလို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ introvert ဖြစ်ခြင်းရဲ့ ကောင်းကျိုးလေးတွေလည်း ရှိနေနိုင်ပါတယ်။ အဲဒါလေးတွေကတော့..
မိတ်ဆွေစစ်တွေပဲအနားမှာရှိတယ်
Introvert တွေအကုန်လုံးဟာ အပေါင်းအသင်းရေးရာမှာ တော်တော်လေးကို ညံ့ဖျင်းကြတာ အားလုံးလည်း အသိပါပဲ။ ဒါကြောင့် သူတို့ရဲ့ စိတ်ရင်းအမှန်ကိုသိပြီးတော့ အနားမှာ နေပေးနေတဲ့လူတွေဟာ သူတို့အတွက် မိတ်ဆွေစစ်တွေပါ။

ဖန်တီးနိုင်မှုစွမ်းအား
အမြဲတမ်းငြိမ်နေတတ်ကြတဲ့ သူတို့တွေဟာ အလကားငြိမ်နေတာမဟုတ်ပါဘူး။ သူတို့စိတ်ဝင်စားတဲ့အရာတွေကို အမြဲတမ်း တကုတ်ကုတ်လုပ်နေတတ်ကြတာပါ။ တီထွင်ကြံဆမှုကောင်းတဲ့လူတွေဟာ introvert တွေဖြစ်ဖို့များပါတယ်။
ဆုံးဖြတ်ချက်ချတဲ့နေရာမှာပြတ်သားခြင်း
သူတို့တွေမှာတွေ့နိုင်တဲ့ နောက်ထပ်ကောင်းကျိုးကတော့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းအားနဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချနိုင်တာပါပဲ။

အာရုံပျံ့လွင့်မှုမရှိတတ်သူ
အရင်ကတည်းက သူများကိစ္စဆိုရင် စိတ်မဝင်စားတတ်ဘဲနဲ့ တစ်ယောက်တည်းလည်း ဖြစ်အောင်နေကြတဲ့ introvert တွေဟာ အာရုံစူးစိုက်မှုမှာတော့ ဆရာကြီးပါပဲတဲ့လေ။
အမှီအခိုကင်းခြင်း
ဘဝမှာ တစ်ယောက်တည်းနေရတာ ပိုပြီး သဘောကျတတ်ကြတဲ့အတွက်ကြောင့် ဘယ်ကိစ္စကိုမဆို တစ်ပါးသူအပေါ် မှီခိုခြင်းမရှိဘဲ တစ်ယောက်တည်း အမြဲတမ်းရင်ဆိုင်နိုင်စွမ်းရှိပါတယ်။

BY penny