Monday, May 29, 2023
HomeLIFEအတင်းဖျင်းပြောခံရတဲ့အခါ ခံစားရမယ့်ကောင်းကျိုးများ

အတင်းဖျင်းပြောခံရတဲ့အခါ ခံစားရမယ့်ကောင်းကျိုးများ

အတင်းဆိုတဲ့အရာဟာ အမှန်တရားကိုပဲဖြစ်ဖြစ်၊ မဟုတ်တဲ့ ကောလဟာလတွေကိုပဲဖြစ်ဖြစ် ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကို အပုတ်ခတ်ပြီး ပြောကြတဲ့ စကားတွေပါပဲ။ ဒါကြောင့်လဲ ဘယ်လိုပဲဖြစ်ဖြစ် အတင်းအပြောခံရတာကို ဘယ်သူမှတော့ ကြိုက်ကြမှာမဟုတ်ပါဘူးနော်။ ဒါပေမဲ့ အတင်းဖျင်းတွေ အပြောခံလိုက်ရတဲ့အခါ သင့်အနေနဲ့ ဒေါသမထွက်ဘဲ ဒီလိုလေးတွေစဉ်းစားပြီးတော့ ကောင်းတဲ့သင်ခန်းစာလေးတွေ ယူနိုင်ပါတယ်နော်။

ပြင်ဆင်ဖို့

လူတွေပြောတဲ့ အတင်းစကားတွေထဲကကိုယ်နဲ့ လက်ရှိ အပြင်က ကိုယ်ဟာ အတူတူဖြစ်နေပြီလားဆိုတာကို ယှဉ်ပြီးစဉ်းစားကြည့်ပါ။ သူတို့ပြောသလို အဆိုးတွေကို ကိုယ်လုပ်မိနေပြီဆိုရင်တော့ ချင့်ချိန်ပြီး ပြန်ပြင်စရာရှိတာပြင်ပေါ့။

multiracial students gossiping about black man with notepad
Photo by Keira Burton on Pexels.com

လူစစ်ထုတ်ပြီးသားဖြစ်တယ်

တစ်ခါတစ်လေ အတင်းစကားတွေဟာ လူစိမ်းတွေ၊ ကိုယ်နဲ့မတည့်တဲ့ လူတွေဆီက လာတာမျိုးမဟုတ်ဘဲနဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ လူရင်းတွေဆီက လာတာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။ ကိုယ့်နောက်ကွယါမှာ မကောင်းကြောင်းပြောတာ ဒီလိုလူတွေပါလားဆိုတာ သိပြီးတော့ ရှေင်လို့ရတာပေါ့။

two women holding long stem wine glasses with red liquid
Photo by Andrea Piacquadio on Pexels.com

ယုံကြည်မှုတိုးလာခြင်း

အတင်းအပြောခံရလေလေ confidence level so high လေပဲဆိုတာ ခံစားဖူးတယ်မဟုတ်လား။ ဒါကတော့ ဆိုက်ကိုလော်ဂျီအရ အချိုးကျပါတယ်။

woman in black zip up jacket with black backpack
Photo by Julia Avamotive on Pexels.com

ရင့်ကျက်လာစေမယ်

အတင်းစကားကြားတိုင်း တည့်တိုးဖြေရှင်းဖို့မဖစ်နိုင်တဲ့အခါမျိုးမှာတော့ ကိုယ့်အနေနဲ့ သည်းခံရတာ နားလည်ပေးရတာမျိးတွေရှိနေတတ်ပါတယ်။ သင့်အနေနဲ့ လူအကြောင်းတွေကို တဖြေးဖြေးသိလာပြီးတော့ စိတ်လည်းရင့်ကျက်လာစေမှာပါ။

Penny

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: