Monday, December 11, 2023
HomeLIFEအမှတ်မထင်ပြောလိုက်ပေမယ့် ချစ်သူကို အကြီးအကျယ်စိတ်ထိခိုက်စေတဲ့စကား (၅) ခွန်း

အမှတ်မထင်ပြောလိုက်ပေမယ့် ချစ်သူကို အကြီးအကျယ်စိတ်ထိခိုက်စေတဲ့စကား (၅) ခွန်း

မိန်းကလေးတွေဟာ အရမ်းကိုစိတ်နှလုံးသားနူးညံ့ပြီး ဝမ်းနည်းခံစားလွယ်တဲ့သူတွေပါ။ ဒါကြောင့် ချစ်သူယောက်ျားလေးတစ်ယောက်က နားလည်မှုအများကြီးပေးဖို့ လိုအပ်ရခြင်းဖြစ်ပါတယ်။ တစ်ခါတလေမှာ ကောင်လေးတွေဘက်ကနာကျင်စေလိုတဲ့ ရည်ရွယ်ချက်မရှိပေမယ့်လည်း ချစ်သူအတွက် စိတ်ဒဏ်ရာဖြစ်သွားစေတဲ့ အရာလေးတွေကိုလုပ်မိတာ၊ ပြောမိတာမျိုးလေးတွေ ရှိတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ အမှတ်တမဲ့ပြောလိုက်ပေမယ့် ချစ်သူကို အကြီးအကျယ်စိတ်ထိခိုက်စေတဲ့ စကားလေးတွေပဲဖြစ်ပါတယ်။

(၁) တစ်ယောက်တည်းနေချင်တယ်

person sitting on bench under tree
Photo by Jeswin Thomas on Pexels.com

ယောကျ်ားလေးတွေမှာ တစ်ယောက်တည်းသီးသန့် နေချင်တဲ့အချိန်ဆိုတာ ရှိပါတယ်။ ဘယ်သူနဲ့မှလည်း မတွေ့၊ ဘယ်သူနဲ့မှလည်း စကားမပြောဘဲ တစ်ယောက်တည်း နေချင်တာမျိုးပါ။ ဒီလိုအချိန်တွေမှာ ချစ်သူကို နားလည်အောင်ရှင်းပြပြီး သေသေချာချာပြောပြထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ချစ်သူကို တစ်ယောက်တည်းနေချင်တယ်၊ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး စသဖြင့် တိုက်ရိုက် ပြောဆိုခြင်းက ချစ်သူကို စိတ်ထိခိုက်သွားစေပါတယ်။ သူ့ကိုရိုးသွားပြီလား၊ အီသွားပြီလားစသဖြင့် ထင်မြင်သွားစေနိုင်လို့ပါ။

(၂) မလိုပါဘူး

မိန်းကလေးတွေဟာ အစကတည်းကစိုးရိမ်ပူပန်တတ်တဲ့သူတွေဖြစ်ပြီး ချစ်သူအတွက် အရာရာလုပ်ပေးဖို့၊ ပေးဆပ်ဖို့ အဆင်သင့်ရှိနေတဲ့သူတွေပါ။ ချစ်သူအတွက် နည်းနည်းလေးလုပ်ပေးနိုင်တာ၊ ကူညီပေးနိုင်တာရှိရင်ကို အရမ်းကျေနပ်ပြီး ပျော်ရွှင်နေတတ်ကြတဲ့သူတွေပါ။ ဒါကြောင့်သင့်မှာအခက်အခဲရှိတဲ့အခါတွေမှာ ချစ်သူက ဘာလုပ်ပေးရမလဲ၊ ဘယ်လိုကူညီပေးရမလဲလို့ ပြောလာတဲ့အခါ မလိုပါဘူး၊ မင်းရဲ့အကူအညီမလိုပါဘူး ဆိုတာမျိုးတွေကို လုံးဝမပြောသင့်ပါဘူး။ သူဘာမှမလုပ်ပေးနိုင်ရင်တောင် ကိုယ့်အတွက် ဆုတောင်းပေးနော် ဆိုတာမျိုးလေး ရွေးချယ်ပြောဆိုတတ်ပါစေ။

(၃) ကိုယ့်ကိုယ်ကိုသာစိတ်ပူစမ်းပါ

မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ်ကို ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူအပေါ်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ မိသားစုတွေနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ် အမြဲတမ်း စိတ်ပူပေး၊ စိုးရိမ်ပေးနေတတ်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို စိတ်မပူနဲ့လို့ လက်လွတ်စပယ်ပြောလို့မရပါဘူး။ အထူးသဖြင့် ကိုယ့်အတွက်ကိုယ်ပဲပူစမ်းပါဆိုတာမျိုးတွေ လုံးဝမပြောသင့်ပါဘူး။ သင့်အတွက် ပူပန်စိုးရိမ်ပေးနေတဲ့ သင့်ချစ်သူရဲ့ ခံစားချက်ကို လေးစားသောအားဖြင့် ဒီလိုစကားလုံးတွေ မသုံးပါနဲ့၊

(၄) အလုပ်ရှုပ်နေတယ်

attractive businessman busy clock
Photo by JÉSHOOTS on Pexels.com

မိန်းကလေးတွေဟာ အရမ်းဂရုစိုက်ခံချင်တဲ့သူတွေဖြစ်ပါတယ်။ နည်းနည်းလေးဂရုစိုက်ပေးလိုက်ရင်ကို ကြည်နူးမဆုံး၊ ကျေနပ်မဆုံးဖြစ်နေတတ်ကြတဲ့သူတွေပါ။ ဒါကြောင့် သင်ဘယ်လောက်ပဲ အလုပ်များများ သူ့ကို အချိန်ပေးဖို့မမေ့ပါနဲ့။ ဘယ်လိုမှအချိန်မပေးနိုင်ရင်တောင် စာလေးဖြစ်ဖြစ်ပို့ပြီး သူ့ကိုသတိရကြောင်း ပြောပေးပါ။ ဒီလိုမှမဟုတ်ဘဲ အလုပ်ရှုပ်တာနဲ့ စိတ်ရှုပ်တာနဲ့ပေါင်းပြီး ချစ်သူကို အော်ငေါက်တာ၊ စိတ်မရှည်သလို ဆက်ဆံတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ သင်ပဲမအားတာမဟုတ်ပါဘူး။ သူ့မှာလည်း အလုပ်တွေအများကြီးထဲက သင့်ကို အချိန်ပေးထားတာဖြစ်တယ်ဆိုတာကို သတိရပါ။

(၅) မလုပ်နိုင်တော့ဘူး

မိန်းကလေးတွေဟာ ဂုဏ်တွေ၊ ပကာသနတွေလုံးဝမမက်ပေမယ့် ချစ်သူဆီက ချစ်ခြင်းမေတ္တာတွေကိုတော့ အထူးမက်မောတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုတန်ဖိုးထားပေးပါ။ လက်လွတ်စပယ်ဆက်ဆံတာမျိုးတွေ ရှောင်ပေးပါ။ ပေးပြီးသားကတိတွေကို ဖျက်တာမျိုး၊ ချိန်းထားတာတွေကို ခဏခဏဖျက်တာမျိုး၊ ပြောပြီးမလုပ်တာမျိုးတွေက သူ့ကို အကြီးအကျယ်စိတ်ထိခိုက်စေပါတယ်။

By Em Em

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d