Wednesday, November 29, 2023
HomeHEALTHစိတ်ဖိစီးမှုများလွန်းနေကြောင်း ခန္ဓာကိုယ်ကဖော်ပြနေတဲ့ အဓိကလက္ခဏာ (၃) ခု

စိတ်ဖိစီးမှုများလွန်းနေကြောင်း ခန္ဓာကိုယ်ကဖော်ပြနေတဲ့ အဓိကလက္ခဏာ (၃) ခု

လူတိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ် တာဝန်ကိုယ်စီ၊ ဝတ္တရားကိုယ်စီထမ်းဆောင်ရင်း စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေဆိုတာ ရှိပါတယ်။ တစ်ခါတလေကျတော့ ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်အားတော့တဲအထိကို အလုပ်တွေ၊ စိတ်ဖိစီးမှုတွေဟာ များနေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ စိတ်ဖိစီးမှုများလွန်းတာကြောင့် ခန္ဓာကိုယ်လည်း အတော်ပင်ပန်းနေပြီး အနားယူဖို့လိုအပ်နေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒီ (၃)ချက်ကို ကြုံတွေ့နေတယ်ဆိုရင်တော့ လုံးဝကို မပေါ့ဆသင့်တော့ပဲ အနားယူဖို့၊ လိုအပ်တဲ့ ဆေးဝါးကုသမှု ခံယူဖို့လိုအပ်ပါတယ်။

(၁) မကြာခဏ ခြေထောက်ကြွက်တက်ခြင်း

woman wrapping man s leg with bandage
Photo by Andrea Piacquadio on Pexels.com

တကယ်လို့သင့်ခြေထောက်ဟာ မကြာခဏ ကြွက်တက်လေ့ရှိတယ်ဆိုရင်တော့ ဒါဟာ ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟင်းနုနွ်ယ်ရွက်၊ ပဲကတ္တီပါနဲ့ အစိမ်းရောင် အသီးအရွက်တွေကို နေ့စဉ်စားသုံးပေးဖို့လိုအပ်ပါတယ်။

(၂) အမြဲလိုလိုပင်ပန်းနွမ်းနယ်နေတယ်

photo of man touching his head
Photo by Andrea Piacquadio on Pexels.com

သင်ဟာ အမြဲတမ်းပင်ပန်းပြီး နုံးချိနေသလိုခံစားရမှာဖြစ်ပြီး အထူးသဖြင့် ညနေပိုင်းတွေမှာ ပိုလို့တောင် ပင်ပန်းနေမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ စားသောက်မှုပုံစံကို ပြန်လည်ဆန်းစစ်သင့်နေပါပြီ။ သင့်ကို အမြန်ဆုံး အားဖြည့်ပေးနိုင်မယ့် ဆန်၊ ပဲနီနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။ သွားရည်စာတွေနဲ့ အဆီများတဲ့အစားအစာတွေကို လျှော့ပြီး စားသုံးသင့်ပါတယ်။

(၃) ဝက်ခြံတွေထွက်လာတယ်

a woman touching her pimple
Photo by Polina Tankilevitch on Pexels.com

တကယ်လို့သင်ဟာ ဝက်ခြံထွက်လေ့ရှိတဲ့သူမျိုးမဟုတ်ပဲ ဝက်ခြံတွေထွက်လာပြီ၊ အဖုတွေထွက်လာပြီ ဆိုရင်တော့ သင့်ရဲ့ စိတ်ဖိစီးမှုတွေ များပြားလွန်းလို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေ အကြောင်းမရှိထွက်လာနေပြီဆိုရင်တော့ စိတ်ဖိစီးမှုတွေကိုလျှော့ပြီး အိပ်ရေးဝဝအိပ်သင့်ပါတယ်။

Em Em

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: