‘သင်းရနံ့’ ဇာတ်လမ်းတွဲဟာ ဇာတ်ညွှန်း Choi Hyun Ok ရေးသားပြီး ဒါရိုက်တာ Kim Sang Hwi က ရိုက်ကူးပုံဖော်ထားတဲ့ သဘာဝလွန် အချစ်ဟာသဒရာမာအမျိုးအစား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Shin Sung Rok, Go Won Hee, Ha Jae Sook, Cha Ye Ryun, Kim Min Gue, Kim Jin Kyung နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက Seo Yi Do ဟာ ထိပ်တန်းဒီဇိုင်နာတစ်ဦးဖြစ်ပြီး သူဟာ အပြင်ပန်းမှာ ပြီးပြည့်စုံတဲ့သူတစ်ယောက်လို့ ထင်ရပေမဲ့ သူ့ဆီမှာ phobias (တစ်စုံတစ်ခုကိုကြောက်ရွံ့တတ်ခြင်း) 52 ခုနဲ့ ဓာတ်မတည့်မှု 35 ခုခန့်ရှိနေတာ ဖြစ်ပါတယ်။ Min Jae Hee ကတော့ လူလတ်ပိုင်းအိမ်ရှင်မတစ်ဦးဖြစ်ပြီး သူမရဲ့မိသားစုပြိုကွဲမဲ့အရေးကို သူမမျက်စိနဲ့တပ်အပ်မြင်လိုက်ရတဲ့အချိန်မှာတော့ သူမကိုယ်သူမ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် သူမရဲ့အစီအစဉ်ဟာ မအောင်မြင်ခဲ့ဘဲ သူမကိုပြန်လည်နုပျိုစေမဲ့ အံ့ဖွယ်ရေမွှေးတစ်မျိုးကို တွေ့ရှိခဲ့တာပါ။ ငယ်ရွယ်နုပျိုမှုကို တစ်ဖန်ပြန်လည်ရရှိလာပြီးနောက် သူမဟာ Seo Yi Do ရဲ့ဖက်ရှင်ရှိုးတွင် မော်ဒယ်အဖြစ်ပါဝင်ဖို့ဖြစ်လာခဲ့ပြီး ထိပ်တန်းမော်ဒယ်အေဂျင်စီတစ်ခုနဲ့ လက်မှတ်ရေးထိုးကာ ကျော်ကြားသူဖြစ်လာနိုင်တဲ့အခွင့်အရေးကို ရရှိခဲ့ပါတယ်။ နာမည်ကြီးဒီဇိုင်နာ Seo Yi Do နဲ့ Min Jae Hee တို့ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေမွှေးနဲ့အတူ သူတို့နှစ်ယောက်ကြားက ပတ်သက်မှုကို ဟာသဆန်ဆန်ကြည့်ရှုရမဲ့ ‘သင်းရနံ့’ ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။