‘ချစ်ဥယျာဉ်ထဲ တဝဲလည်လည်’ ကိုရီးယားဒရာမာဇာတ်လမ်းတွဲဟာ သူ့ရဲ့ပြီးပြည့်စုံတဲ့ပုံစံကို အမြဲတမ်းထိန်းသိမ်းထားတတ်တဲ့ မောက်မာပြီး အများနဲ့မတူတဲ့အကျင့်စရိုက်တွေကို ပိုင်ဆိုင်ထားသူ စီအီးအို Kim Joo Won နဲ့ ထိပ်တန်းမင်းသမီးတွေ မနာလိုဖြစ်ရလောက်တဲ့အထိ ချောမောလှပတဲ့ရုပ်ရည်နဲ့ အမိုက်စားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူ ဆင်းရဲနွမ်းပါးတဲ့ စတန့်မယ်လေး Gil Ra Im တို့ရဲ့ ဇာတ်လမ်းလေးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

Joo Won ဟာ မင်းသမီး Park Chae Rin ကြောင့် Ra Im အပေါ် အမှားလုပ်မိခဲ့ရာကနေ မမျှော်လင့်တဲ့တွေ့ဆုံမှုတစ်ခု ဖြစ်လာခဲ့ပြီး သူတို့နှစ်ယောက်ကြား တင်းမာတဲ့ဆက်ဆံရေးကို အစပြုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ကြား ကိစ္စရပ်တွေကို ပိုမိုရှုပ်ထွေးသွားစေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့တာပါ။ ဒါကတော့ Joo Won နဲ့ Ra Im တို့ဟာ အံ့ဩစရာကောင်းလောက်အောင် ခန္ဓာကိုယ်ချင်း လဲသွားခဲ့ကြပြီး သူတို့ရဲ့ဘဝတွေကို ဟန်မပျက်ထိန်းထားနိုင်ဖို့ ကြိုးစားရပါတော့တယ်။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးနေခဲ့ကြပေမဲ့ မမျှော်လင့်ဘဲ ခန္ဓာကိုယ်ချင်းပြောင်းသွားခဲ့တဲ့အဖြစ်က သူတို့နှစ်ယောက်ကို နီးစပ်သွားစေခဲ့ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

‘ချစ်ဥယျာဉ်ထဲ တဝဲလည်လည်’ သဘာဝလွန် အချစ်ဟာသဒရာမာကို ဇာတ်ညွှန်း Kim Eun Sook က ရေးသားထားပြီး ဒါရိုက်တာ Kwon Hyuk Chan, Shin Woo Cheol နဲ့ Kim Jung Hyun တို့က ရိုက်ကူးပုံဖော်ထားကာ မင်းသား Hyun Bin, Yoon Sang Hyun, မင်းသမီး Ha Ji Won, Kim Sa Rang နဲ့ အခြားသရုပ်ဆောင်တွေက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ‘ချစ်ဥယျာဉ်ထဲ တဝဲလည်လည်’ ဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။