Monday, December 11, 2023
HomeEntertainmentအိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ အမျိုးသားတွေကို ပညာပေးထားတဲ့ ဟာသဇာတ်ကား ‘လေဒီဒိန်းဂျား’

အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ အမျိုးသားတွေကို ပညာပေးထားတဲ့ ဟာသဇာတ်ကား ‘လေဒီဒိန်းဂျား’

‘လေဒီဒိန်းဂျား’ မြန်မာဇာတ်ကားဟာ comedy-drama အမျိုးအစားဖြစ်ပြီး ခန့်စည်သူ၊ ခါရာ၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ မုဏ်းနဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားပဲဖြစ်ပါတယ်။ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားတဲ့ ဒီဇာတ်ကားဟာ 2020 တုန်းက ပြသခဲ့ပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။

youtube.com

အိမ်ထောင်ရေး ဖောက်ပြန်မှုတွေနဲ့ မိန်းမသားတွေအပေါ် အမြတ်ထုတ်နေတဲ့ သူတွေကို သင်ခန်းစာကောင်းကောင်းပေးတဲ့ ဇာတ်လမ်းပုံစံမျိုးကို ပုံဖော်ထားပါတယ်။ အိမ်ထောင်ရှိ အမျိုးသမီးတွေရဲ့ ခံစားချက်ဘက်ကနေ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကောင်းလေးဟာ သာမန်အိမ်ထောင်ရေး ဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်လေး ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။

မင်းသမီးချော အိန္ဒြာကျော်ဇင်က ဒီဇာတ်ကားထဲတွင် အမျိုးသမီးတွေကို လိုက်ကူညီပေးတဲ့နေရာက ပါဝင်ထားပြီး သတ္တိရှိပြီး ထက်မြက်သူဖြစ်ကာ သစ္စာဖောက်သူတွေကို ကောင်းကောင်းပညာပေးနိုင်ဖို့ အမျိုးသမီးတွေကို ထက်မြက်တဲ့အကွက်ချမှုတွေ စီစဉ်ပေးတတ်တဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

‘လေဒီဒိန်းဂျား’ ရုပ်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d