‘Cold Blooded Intern’ ကိုရီးယားဇာတ်လမ်းတွဲဟာ 7 နှစ်ကြာ အလုပ်ခွင်နဲ့ဝေးကွာနေခဲ့တဲ့ အသက် 40 ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမဘဝရှင်သန်ရေးအတွက် အလုပ်သင်အဖြစ် ပြန်လည်လုပ်ကိုင်ရင်း လုပ်ငန်းခွင်ဆိုတဲ့ ခက်ခဲကြမ်းတမ်းတဲ့ လူမှုအသိုင်းအဝိုင်းတွင် ကြံ့ကြံ့ခံရှင်သန်နေထိုင်ပုံကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ Go Hae-Ra ဆိုတဲ့အမျိုးသမီးဟာ တစ်ချိန်ကအလုပ်ကြိုးစားတဲ့ အကောင်းဆုံး merchandiser တစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူမ မိခင်တစ်ယောက်ဖြစ်လာချိန်မှာတော့ အလုပ်ကနေထွက်ခဲ့ပြီး 7 နှစ်တာကာလအတွင်း သူမရဲ့ကလေးကို ပြုစုပျိုးထောင်ဖို့ကိုသာ အချိန်ပေးခဲ့တာပါ။ 7 နှစ်ကုန်ဆုံးသွားပြီးချိန်မှာတော့ Go Hae-Ra ဟာ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ အတော်လေးရုန်းကန်နေရတာ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ Market House ကုမ္ပဏီတွင် အင်တာဗျူးဖြေဆိုခွင့်ရခဲ့ပြီး ထုတ်ကုန်စီမံကိန်းအဖွဲ့ရဲ့ ဌာနမှူး Choi Ji-Won နဲ့ တွေ့ဆုံခဲ့ပါတယ်။ Go Hae-Ra နဲ့ Choi Ji-Won တို့ဟာ တစ်ချိန်က ကုမ္ပဏီတစ်ခုတွင် အလုပ်အတူတူလုပ်ခဲ့ကြဖူးသူတွေဖြစ်ကာ အခုအချိန်မှာတော့ သူမရဲ့အရည်အချင်းနဲ့ ခေါင်းဆောင်မှုစွမ်းရည်ဖြင့် Choi Ji-Won ဟာ Market House တွင် အရေးပါတဲ့သူတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ Choi Ji-Won ဟာ Go Hae-Ra ကို ထုတ်ကုန်စီမံကိန်းအဖွဲ့ရဲ့ အလုပ်သင်အဖြစ် ခန့်အပ်လိုက်တာပါ။ ဒါပေမဲ့ အလုပ်ခွင်နဲ့အချိန်အတော်ကြာဝေးကွာနေခဲ့တဲ့ Go Hae-Ra တစ်ယောက် ဒီအလုပ်မှာ အဆင်ရောပြေနိုင်ပါ့မလား၊ သူမအတွက် ဘယ်လိုစိန်ခေါ်မှုတွေက စောင့်ကြိုနေပြီး သူမရဲ့အရင်က အရည်အချင်းတွေကို ပြန်လည်ထုတ်သုံးနိုင်ပါ့မလားဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ အမျိုးသမီးတိုင်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

‘Cold Blooded Intern’ ဇာတ်လမ်းတွဲလေးမှာတော့ Go Hae-Ra အဖြစ် မင်းသမီး Ra Mi-Ran နဲ့ Choi Ji-Won အဖြစ် မင်းသမီး Uhm Ji-Won တို့က အဓိကပါဝင်ထားကြတာပါ။ စုစုပေါင်း အပိုင်း 12 ပိုင်းပါဝင်တဲ့ ဘဝဟာသဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ‘Cold Blooded Intern’ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။