အချစ်ဟာသဒရာမာ ‘မမအချစ်နံပါတ်တစ်’ ဇာတ်လမ်းတွဲကို Ban Ki Ri က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ Lee Jeong Hyo က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲမှာတော့ မင်းသမီးကြီး Uhm Jung Hwa, Ra Mi Ran, Bang Eun Hee နဲ့ မင်းသား Park Seo Joon, Han Jae Suk နဲ့ Lee Sae Chang တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

‘မမအချစ်နံပါတ်တစ်’ ရဲ့ ဇာတ်လမ်းပုံစံက အသက် 39 နှစ်အရွယ် တစ်ကိုယ်ရည်အမျိုးသမီး Ban Ji Yeon ဟာ သတင်းထောက်တစ်ဦးဖြစ်ပြီး သူမရဲ့အလုပ်ကို အရမ်းစိတ်အားထက်သန်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အလုပ်တွင်သူမကို စုန်းမလို့ ခေါ်တွင်တတ်ကြတာ ဖြစ်ပါတယ်။ ချစ်သူက လက်ထပ်ခါနီးတွင် ပျောက်ကွယ်သွားခဲ့တဲ့ အတိတ်ကဒဏ်ရာတွေကြောင့် သူမဟာ အချစ်စစ်ကို အယုံအကြည်မရှိသူလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ Yoon Dong Ha ဆိုတဲ့ အသက် 25 နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ပစ္စည်းပို့ဆောင်ပေးတဲ့ စင်တာလေးတစ်ခုကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူဟာ ပျော်ပျော်နေတတ်တဲ့ သူတစ်ယောက်လို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့ချစ်သူကောင်မလေးကို ဆုံးရှုံးထားရသူပါ။ Ji Yeon နဲ့ Dong Ha တို့ ဆုံတွေ့ကြချိန်မှာတော့ အချစ်သံစဉ်လေးတွေ ပြန်လည်အသက်ဝင်လှုပ်ခတ်လာခဲ့ပြီး အသက်အရွယ်တွေကွာခြားကြပေမဲ့ သူတို့ရဲ့နှလုံးသားအမာရွတ်တွေအပါအဝင် တခြားအရာတော်တော်များများက တူညီနေတာကို တွေ့ရှိခဲ့ကြပါတယ်။
‘မမအချစ်နံပါတ်တစ်’ အချစ်ဟာသဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။