Monday, December 11, 2023
HomeUncategorizedအဝတ်အစားတစ်ထည်ကို မလျှော်ဘဲ နှစ်ရက်ဆက်တိုက် ဘာလို့မဝတ်သင့်တာလဲ

အဝတ်အစားတစ်ထည်ကို မလျှော်ဘဲ နှစ်ရက်ဆက်တိုက် ဘာလို့မဝတ်သင့်တာလဲ

ငါဒီတီရှပ်ကို တစ်ကြိမ်လေးပဲဝတ်ထားတာကြောင့် သေချာပေါက်ပြန်ဝတ်လို့ရတယ်လို့ အနံ့ခံစစ်ဆေးပြီး ဝတ်ဆင်တာမျိုးက တကယ်တမ်းမှာတော့ ဆိုးရွားမှုတွေကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ သင့်အဝတ်အစားက အနံ့ကောင်းနေရင်တောင် ချွေးတွေနဲ့ ဘက်တီးရီးယားတွေဖုံးလွှမ်းနေပြီး မနှစ်မြို့ဖွယ် အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်တာပါ။

  • ခန္ဓာကိုယ်ဝက်ခြံတွေ ဖြစ်စေနိုင်တယ်
    ညစ်ပတ်တဲ့အဝတ်အစားတွေက ချွေးနဲ့ဘက်တီးရီးယားတွေကို စုဆောင်းထားပြီး သင့်ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်တွေပေါ်ကို ရောက်ရှိသွားကာ ချွေးပေါက်တွေကို ပိတ်ဆို့စေပါတယ်။ ချွေးတွေနဲ့ အရေပြားဆဲလ်သေတွေ ပေါင်းစပ်ထားကာ ယားယံမှုကိုဖြစ်စေပြီး နောက်ကျော၊ ပေါင်နဲ့ တင်ပါးအပါအဝင် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းများစွာတွင် ဝက်ခြံတွေပေါက်လာစေနိုင်ပါတယ်။
  • မနှစ်မြို့ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်အနံ့ဆိုး ထွက်စေတယ်
    သင့်ရဲ့အဝတ်အစားတွေက ဂျိုင်းကနေထွက်တဲ့ ချွေးလိုမျိုးအရာတွေနဲ့ ထိတွေ့မိကာ လတ်ဆတ်တဲ့အမွှေးနံ့တွေကို ပျောက်ဆုံးစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေက ချွေးထွက်ခြင်းကိုနှစ်သက်ပြီး ဒီနှစ်မျိုးပေါင်းစပ်လိုက်တဲ့အခါ ခန္ဓာကိုယ်ပေါ်တွင် မနှစ်မြို့ဖွယ်အနံ့ဆိုးကို ဖြစ်လာစေပါတယ်။
  • အခြားသူတွေဆီကနေ ပိုးမွှားတွေနဲ့ ထိတွေ့မိစေနိုင်တယ်
    သင့်ခန္ဓာကိုယ်ဟာ အဆီနဲ့ ဘက်တီးရီးယားတွေ တစ်နေ့လုံးထိတွေ့နေရတဲ့ နေရာတစ်ခုဆိုပေမယ့် တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘက်တီးရီးယားတွေနဲ့တော့ လုံးဝကွဲပြားခြားနားနေတတ်ပါတယ်။ ကျွန်ုပ်တို့ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယားတွေဟာ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်တဲ့ပိုးမွှားသာဖြစ်ပြီး အဝတ်အစားတွေကနေတစ်ဆင့် အခြားသူတွေရဲ့ ပိုးမွှားတွေ ကပ်ငြိပါလာစေနိုင်ပါတယ်။ တကယ်လို့ သင့်မှာအရေပြားပြဿနာရှိခဲ့မယ်ဆိုရင် ဒါကသင့်ကိုထိခိုက်စေတဲ့ ရောဂါပိုးတွေ ဖြစ်လာစေနိုင်တာပါ။
  • ယားယံမှုကို ဖြစ်စေနိုင်တယ်
    အဝတ်အစားတွေဟာ လူ့အရေပြားတွေနဲ့ နီးကပ်စွာထိတွေ့နေပြီး ပွတ်တိုက်မိခြင်းက အဝတ်အထည်ပေါ်တွင် ကပ်ငြိမ်နေတဲ့ အဆီနဲ့ ဘက်တီးရီးယားတွေက အရေပြားကို ယားယံစေနိုင်ပါတယ်။ အထူးသဖြင့် ဓာတုဗေဒပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ အဝတ်တွေဟာ အရေပြားကို အသက်ရှူဖို့ခက်ခဲစေတာကြောင့် ပိုကြမ်းတမ်းပြီး ယားယံတယ်လို့ ခံစားရစေတာပါ။

Aunty May
photo from pinterest

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d