အရေပြားပေါ်က အသားပိုအဖုလေးတွေကို သင်မြင်ဖူးမှာပါ။ အသားပိုတွေက လည်ပင်း၊ လက်မောင်း၊ မျက်ခွံပေါ်နဲ့ တခြားနေရာတွေမှာ အတွေ့များပါတယ်။ အသားပိုတွေက ဆီးချို၊ မျိုးရိုးလိုက်တာ၊ အမွှေးရိတ်ရာမှ ထိမိခြင်း၊ ဟော်မုန်းထိန်းညှိမှုနဲ့ ဝိတ်တက်ဝိတ်ကျ ပြဿနာတွေကြောင့် ပေါ်လာတတ်ပါတယ်။ အသားအရေပေါ်က အသားပိုတွေကို သဘာဝနည်းနဲ့ ဖယ်ရှားနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုပါတယ်။
၁။ ပန်းသီးရှာလကာရည်

- ဝါဂွမ်းလုံးတစ်ခုကို ပန်းသီးရှာလကာရည်ထဲနှစ်လိုက်ပါ။
- ပြီးနောက် ဝါဂွမ်းလုံးနဲ့ အသားပိုရှိရာကို လိမ်းလိုက်ပါ။
- ခြောက်တဲ့အထိထားပါ။
၂။ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းနဲ့ ကြက်ဆူဆီတစ်ဇွန်းခွဲ

- ပါဝင်ပစ္စည်းနှစ်မျိုးကို ခွက်တစ်ခွက်ထဲရောလိုက်ပါ။
- ဒီအရောကို အသားပိုရှိရာနေရာမှာ လိမ်းပါ။
- နာရီဝက်ထားလိုက်ပါ။
- ပြီးနောက်ရေဆေးချပါ။
- ဒီနည်းလမ်းကို နေ့လည်ချိန်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်ပြုလုပ်နိုင်ပါတယ်။
၃။ Nail Polish လက်သည်းနီ

- အသားပိုကို လက်သည်းနီနဲ့ ဖုံးလိုက်ပါ။
- ခြောက်တဲ့အထိထားပါ။
၄။ သံပယိုရည်

- သံပယိုရည်ကို အသားပိုပေါ်လိမ်းပေးပါ။
- ခြောက်တဲ့အထိထားပါ။
- တစ်နေ့မှာ နှစ်ကြိမ်ပြုလုပ်ပေးပါ။