‘သံစဉ်မဲ့လက်တစ်စုံ’ ကိုရီးယားဒရာမာဇာတ်လမ်းတွဲဟာ အချစ်၊ ဂီတ၊ မယ်လိုဒရာမာအမျိုးအစားဖြစ်ပြီး ဇာတ်ညွှန်း Kim Soon Ok က ရေးသားထားကာ ဒါရိုက်တာ Choi Young Hoon က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသမီး Chae Shi Ra, Jin Se Yeon နဲ့ မင်းသား Ju Ji Hoon, Ji Chan Wook တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက In Ha ဟာ ထူးချွန်တဲ့စန္ဒရားဆရာရဲ့သားဖြစ်ပြီး သူ့မိသားစုရဲ့စီးပွားရေးကို အမွေဆက်ခံရန် စိတ်ကူးအိပ်မက်တွေရှိနေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ဖခင်ဖြစ်သူက သူ့ရဲ့တရားမဝင်သား Ji Ho ကို အိမ်သို့ခေါ်လာခဲ့ပြီး သူဟာ မိသားစုလုပ်ငန်းရဲ့ အမွေဆက်ခံသူဖြစ်လာမှာလို့ ကြေညာလိုက်တဲ့အခါမှာတော့ In Ha ရဲ့ ကမ္ဘာကြီးဟာ ပြိုပျက်သွားခဲ့ရပါတယ်။ In Ha ရဲ့မိခင်ကလည်း မကျေနပ်မှုတွေနဲ့ လက်စားချေလိုပြီး Ji Ho ရဲ့ရှေ့မှာတော့ သဘောကောင်းတဲ့အမေတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့တာပါ။

Ji Ho ဟာ စန္ဒရားပညာရှင်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီး သူ့မိသားစုရဲ့စီးပွားရေးကို ဆက်ခံသူဖြစ်လာခဲ့ပါတယ်။ သူဟာ သူ့မိထွေးနဲ့ In Ha ကို သူ့ကိုယ်သူထက်တောင်ပိုချစ်ပြီး သူတို့အတွက် အကောင်းဆုံးတွေကိုသာ ပေးချင်ခဲ့တာပါ။ ဒါပေမဲ့ သူ့အပေါ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ လိမ်ညာမှုတွေနဲ့ အကြံအစည်တွေကို သိရှိသွားချိန်မှာတော့ သူ့အတွက် အရင်းနှီးဆုံးမိသားစုလို့ထင်ခဲ့တဲ့ သူတွေကို မုန်းတီးမိခဲ့ပြီး လက်စားပြန်ချေဖို့ လုပ်ဆောင်ခဲ့ပါတော့တယ်။ မိသားစုတွေကြား မပြေနိုင်တဲ့ အငြိုးအတေးတွေနဲ့ လက်စားချေမှုတွေက ဆက်လက်တည်ရှိနေမှာလား၊ In Ha နဲ့ Ji Ho တို့ရဲ့ကြားမှာရော ဘယ်လိုပြိုင်ဆိုင်မှုတွေ ဖြစ်လာဦးမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
2012 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ ‘သံစဉ်မဲ့လက်တစ်စုံ’ ဒရာမာဇာတ်လမ်းတွဲဟောင်းလေးကို ပြန်လည်ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။