
စက်တင်ဘာ 25 ရက်နေ့တွင် Sports Seoul မှ ဖော်ပြတဲ့သတင်းတွေအရ မင်းသား Lee Sang Yeob ဟာ သူ့ရဲ့အနုပညာရှင်မဟုတ်တဲ့ချစ်သူနဲ့ နောက်နှစ်မတ်လတွင် လက်ထပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ Lee Sang Yeob ရဲ့အေဂျင်စီက ဒီသတင်းနဲ့ပတ်သက်ပြီး တရားဝင်ကြေညာချက် ထုတ်ပြန်ထားခဲ့ပါတယ်။ “မင်္ဂလာပါ ဒါက Lee Sang Yeob ရဲ့ အေဂျင်စီ UB Management Group ဖြစ်ပါတယ် မင်းသား Lee Sang Yeob ရဲ့ လက်ထပ်ခြင်းသတင်းနဲ့ပတ်သက်ပြီး ဒီကနေ့မှာ အသိပေးချင်ပါတယ် သတင်းတွေအရ Lee Sang Yeob ဟာ လာမဲ့နှစ်မတ်လတွင် သူ့ရဲ့အနုပညာရှင်မဟုတ်တဲ့ သတို့သမီးလောင်းလေးနဲ့ မင်္ဂလာပွဲကျင်းပဖို့ကို ပြင်ဆင်နေပြီလို့ သိရပါတယ် ဒါပေမဲ့ သူတို့မင်္ဂလာပွဲအတွက် စတင်ပြင်ဆင်နေချိန်ဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့အနေနဲ့ မပြောပြနိုင်သေးတဲ့အတွက် နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ် သတ်မှတ်ထားတဲ့အချိန်ကို အတည်ပြုပြီးတာနဲ့ ကျွန်တော်တို့ထပ်မံပြီး ကြေညာပေးပါ့မယ် ကျေးဇူးတင်ပါတယ်” ဟု ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

မင်းသား Lee Sang Yeob ဟာ 2007 ခုနှစ်တွင် ‘A Happy Drama’ ဖြင့် ပွဲဦးထွက်ခဲ့ပြီး “Eve,” “On the Verge of Insanity,” “Once Again” နဲ့ လက်ရှိထုတ်လွှင့်ပြသနေဆဲ ဒရာမာ “My Lovely Boxer” တို့တွင် ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။
