‘သက်ဆုံးတိုင်အချစ်’ ထိုင်းဒရာမာဇာတ်လမ်းတွဲလေးမှာတော့ မင်းသမီး Sushar Manaying, Cherprang Areekul, Rossukon Gonggate နဲ့ မင်းသား Jespipat Tilapornputt, Panuwat Sopradit တို့က ပါဝင်သရုပ်ဆောင်ထားကာ ဒါရိုက်တာ Boonyathorn Kitiphattakon က ပုံဖော်ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းတွဲလေးမှာတော့ Rinthan နဲ့ Saphol တို့ဟာ အချစ်ဦးတွေဖြစ်ကြပြီး သူတို့ရဲ့လက်ထပ်ပွဲ၊ နေထိုင်မဲ့အိမ်နဲ့ သားသမီးတွေအထိပါ အစီအစဉ်တွေချထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ Saphol မတော်တဆမှုတစ်ခုဖြင့် ဆုံးပါးသွားချိန်မှာတော့ အရာအားလုံးဟာ ကြေကွဲစရာဖြစ်လာခဲ့ပါတယ်။ တုန်လှုပ်ချောက်ချားစွာဖြင့် Rinthan ဟာ Saphol သူမဆီပြန်လာဖို့ကိုသာ ဆုတောင်းနေခဲ့ပြီး ဒါမှသာ သူမရဲ့ဘဝကို ပျော်ရွှင်စွာရှေ့ဆက်နိုင်မှာပါ။

Saphol ကိုသာ အလေးအနက်ချစ်မြတ်နိုးခဲ့တဲ့ Rinthan တစ်ယောက် သာမန်ဘဝဖြင့် မနေထိုင်နိုင်တော့ဘဲ နောက်ထပ်လူသစ်တစ်ဦးနဲ့ အချစ်သစ်စဖို့ဆိုတာ တကယ့်ကိုမဖြစ်နိုင်ပါဘူး။ သူမရဲ့ညီမဖြစ်သူ Paithong က သူမရဲ့ဘေးတွင် အမြဲတမ်းရှိနေပေးခဲ့ပါတယ်။ Paithong က Joong ကို သဘောကျနေတာဖြစ်ပြီး သူမရဲ့အချစ်တွေကို ဖုံးကွယ်ထားခဲ့ပါတယ်။ Rinthan က သူမနဲ့ Saphol ရဲ့ ခိုင်မြဲတဲ့အချစ်တစ်ခုကို ဘာကြောင့်ပြိုကွဲပျက်စီးသွားအောင် ကံကြမ္မာကဖန်တီးခဲ့လဲဆိုတာကို မေးခွန်းထုတ်နေခဲ့ပါတယ်။ Rinthan တစ်ယောက် သူမရဲ့ဘဝကို Saphol မရှိဘဲ ဘယ်လိုပျော်ရွှင်အောင် နေသွားမလဲ၊ Paithong သဘောကျနေသလိုမျိုး Joong ကရော သူမကိုသဘောကျပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ ထိုင်းအချစ်ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။
‘သက်ဆုံးတိုင်အချစ်’ ဆိုတဲ့ ထိုင်းဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် အခုပဲကြည့်ရှုနိုင်ပါပြီ။