Saturday, April 20, 2024
HomeEntertainmentအင်အားမဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ကလဲ့စားအကြောင်းဇာတ်လမ်းတွဲ Fatal Promise

အင်အားမဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ကလဲ့စားအကြောင်းဇာတ်လမ်းတွဲ Fatal Promise

Fatal Promise ကိုးရီးယားဇာတ်လမ်းတွဲဟာ 2020 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး မင်းသမီး Park Ha-na, Park Young-rin, မင်းသား Go Se-won, နဲ့ Kang Sung-min တို့အဓိကပါဝင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Ma Ju-hee ရိုက်ကူးထားပြီး ဇာတ်လမ်းပုံစံက မတရားစတေးခံခဲ့ရတဲ့ မိန်းကလေးတစ်ဦးရဲ့ ပြန်လည်လက်စားချေခြင်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Instagram

မင်းသမီး Park Ha-na က ဇာတ်ကောင် Cha Eun-dong အဖြစ် ပါဝင်ထားပြီး ကက်သလစ်ဘုန်းတော်ကြီးဟောင်း တစ်ဦးဖြစ်ခဲ့ဖူးကာ ကုမ္ပဏီတစ်ခုတွင် လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူရဲ့ သမီးအဖြစ် မြင်တွေ့ရမှာပါ။ မင်းသား Go Se-won ကတော့ F-Sports ရဲ့ဒါရိုက်တာ အနေအေးပြီး သူ့မိသားစုအတွက် အမှန်တရားနဲ့ အပေးအယူလုပ်ခဲ့ရတဲ့ ဇာတ်ကောင် Kang Tae-in အဖြစ် ပါဝင်ထားပါတယ်။ သူဟာ သာမန်မိသားစုတွင် ကြီးပြင်းလာခဲ့ပေမယ့် F-Sports ရဲ့အောက်ခြေဝန်ထမ်းအဆင့်ကနေ လုပ်ငန်းကျွမ်းကျင်မှုကြောင့် အမှုဆောင်ဒါရိုက်တာ အဆင့်အထိကို တက်လှမ်းလာနိုင်ခဲ့တာပါ။

Instagram

မတရားစွပ်စွဲမှုကြောင့် တရားခံဖြစ်ခဲ့ရတဲ့ Cha Eun-dong ဟာ ခုနစ်နှစ်အကြာမှာတော့ သူမရဲ့လက်စားချေလိုတဲ့စိတ်က အရမ်းကိုကြီးမားနေခဲ့ပြီဖြစ်ပါတယ်။ သူမယုံကြည်ခဲ့ရတဲ့ Kang Tae-in က သူမကိုသစ္စာဖောက်ခဲ့တဲ့အဖြစ်ကို အရမ်းဒေါသထွက်နေခဲ့ပြီး ပြန်လည်ရောက်ရှိလာချိန်မှာတော့ အားလုံးကိုလက်စားချေလိုတဲ့စိတ်ကလွဲပြီး ကျန်တာတွေမရှိခဲ့ပါဘူး။ သူတို့နှစ်ယောက်က တကယ်ပဲရန်သူတွေအဖြစ် ဆက်မုန်းတီးနေကြမှာလား အဓိကကြိုးကိုင်သူတွေရဲ့ အင်အားကြီးမားမှုကိုရော ကျော်လွန်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်း တစ်ခုပါ။

Fatal Promise ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading