Monday, December 11, 2023
HomeEntertainmentအချစ်သီချင်းတစ်ပုဒ်ရေးဖို့လုပ်ရာက ရှုပ်ထွေးတဲ့အချစ်ရေးအခြေအနေကြား ရောက်သွားခဲ့သူ တေးရေးဆရာလေးရဲ့ဇာတ်လမ်း 'သီချင်းလေးထဲက ချစ်သံစဉ်'

အချစ်သီချင်းတစ်ပုဒ်ရေးဖို့လုပ်ရာက ရှုပ်ထွေးတဲ့အချစ်ရေးအခြေအနေကြား ရောက်သွားခဲ့သူ တေးရေးဆရာလေးရဲ့ဇာတ်လမ်း ‘သီချင်းလေးထဲက ချစ်သံစဉ်’

2021 က ထွက်ရှိထားခဲ့တဲ့ ‘သီချင်းလေးထဲက ချစ်သံစဉ်’ ဒရာမာစီးရီးလေးမှာတော့ မင်းသမီး Marsha Aruan, Naomi Zaskia, Dinda Kirana, မင်းသား Juan Bio One, Omar Daniel, Andri Mashadi နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

youtube.com

‘သီချင်းလေးထဲက ချစ်သံစဉ်’ ဟာသဒရာမာ ဇာတ်လမ်းတွဲလေးမှာတော့ အချစ်သီချင်းရေးသားဖို့အတွက် ရုန်းကန်နေရတဲ့ တေးရေးဆရာ Kun ရဲ့အကြောင်းကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အချစ်သီချင်းတွေ မရေးသားနိုင်ခဲ့တဲ့သူက သူ့ရဲ့ဘဝမှာ တစ်ခါမှမချစ်ခဲ့ဖူးဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ထင်မှတ်မထားတဲ့ အခြေအနေတွေကြားမှာ Kun တစ်ယောက် အသည်းကွဲခြင်းဆိုတဲ့အရာနဲ့ ကြုံတွေ့ရဖို့ဖြစ်လာခဲ့ပြီး အရာအားလုံးက အဆိုးတွေဘက်ကို ဦးတည်စေခဲ့ပါတယ်။

X.com

Kun တစ်ယောက် သူများနဲ့ကွဲထွက်နေတဲ့ သီချင်းကောင်းတစ်ပုဒ်လုပ်ဖို့စဉ်းစားရင်း သူ့အနီးဆုံးက မိန်းမပျိုလေးသုံးယောက်နဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့တဲ့အခါ သူ့ရဲ့ခံစားချက်တွေက ပြောင်းလဲလာခဲ့ပါတော့တယ်။ ဒါပေမဲ့ ခက်တာက Kun ကိုယ်တိုင်က သူ့ရဲ့ခံစားချက်တွေဟာ ဘယ်သူ့ကိုဦးတည်နေပြီး ဘယ်သူ့ကြောင့် ဖြစ်ပေါ်လာခဲ့လဲဆိုတာကို မသိနိုင်ဖြစ်ခဲ့တာပါ။ Kun တစ်ယောက် တကယ်ပဲ အချစ်သီချင်းကောင်းတစ်ပုဒ်ကို ရေးသားနိုင်ပါ့မလား၊ လက်ရှိ သူကြုံတွေ့နေရတဲ့ ခက်ခဲတဲ့အခြေအနေကိုရော ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား၊ သူတကယ်စိတ်ဝင်စားနေတဲ့ မိန်းကလေးက ဘယ်သူဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ‘သီချင်းလေးထဲက ချစ်သံစဉ်’ အချစ်ဟာသဒရာမာ စီးရီးလေးကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် အခုပဲကြည့်ရှုခံစားလိုက်ပါ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d